စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, September 18, 2011

အီတလီက တက္ကသိုလ်အတု


          အီတလီ ရဲဋ္ဌာနက ပြီးခဲ့တဲ့ သောကြာနေ့က အီတလီနိုင်ငံမြောက်ပိုင်း မှာ တက္ကသိုလ် အတုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်တဲ့။  အဲ့ဒီတက္ကသိုလ်မှာ ကျောင်းသား ၁၀ ယောက်လောက်ဟာ တန်ဖိုးမရှိ အသိအမှတ်မပြုတဲ့ ဘွဲ့လက်မှတ်တွေရဖို့အတွက် ယူရို ၇၀၀၀ (ဒေါ်လာ ၇၆၀၀) လောက်ပေးပြီး ကျောင်းတက်နေကြရပါတယ်။
          ဗီရိုနာရှိ “ကာရိုလက်စ် မဂ်နက်စ်” ဆိုတဲ့ တက္ကသိုလ်ဟာ ၂၀၀၅ ခုနှစ်ကထဲက ရောမမြို့မှာ ဖွင့်လှစ်ခဲပြီးတော့ ဒီတက္ကသိုလ်မှာ ယဉ်ကျေးမှု့နဲ့ဆိုင်တဲ့ အဖွဲ့အစည်းကလူတွေ ပါဝင်ကြပါတယ်။  နောက်ပိုင်းမှတော့ ဗီအိုနာ မြိုကို ရုံးချုပ်အဖြစ်ရွှေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ 
          ဒီတက္ကသိုလ်မှာ “အနုပညာနှင့် ဖျော်ဖြေရေးဆိုင်ရာ စီမံခံခွဲမှု့သင်တန်း” ဒါမှမဟုတ် “စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု့ သင်တန်း” စတဲ့ သင်တန်းတွေကို ဖွင့်လှစ်ထားခဲ့ပါတယ်။  နောက်ပြီးတော့ သင်တန်းသားတွေ ယုံကြည်လာအောင် ဟိုတက္ကသိုလ်၊ ဒီတက္ကသိုလ် စတဲ့ တက္ကသိုလ်ပေါင်းမြောက်များစွာနဲ့ ပူးတွဲဖွင့်လှစ်ထားကြောင်း လှိမ့်ခဲတယ်လိုဆိုပါတယ်။  ဒါပေမယ့် သူတို့ ပူးတွဲဖွင့်လှစ်ပါတယ်ဆိုတဲ့ တက္ကသိုလ်တွေဟာလည်း အီတလီ ပညာရေး ၀န်ကြီးရဲ့ အသိအမှတ်ပြု စာရင်းထဲမှာ မရှိပါဘူးတဲ့။
          အဲ့ဒီတော့ “ကာရိုလက်စ်” တက္ကသိုလ်မှာ သင်ကြားနေတဲ့ ကျောင်းသားတွေဟာ နောက်ဆုံးမှာ တရားမ၀င်တဲ့ ပညာရေး အသိအမှတ်ပြုလက်မှတ်တွေဘဲ ရကြမှာပါ။  ဒါ့အပြင် တက္ကသိုလ်ကစစ်ဆေးတဲ့ စာမေးပွဲတွေ ကလည်း တစ်ခုမှ အီတလီ ပညာရေးဝန်ကြီး ဋ္ဌာနရဲ့ အသိအမှတ်ပြုခြင်းမရှိပါဘူးတဲ့။
ကျွန်တော်တို့ ရွှေပြည်ကြီးက မမ၊ ကိုကိုများလည်း နိုင်ငံနာမည်လေးကြားယုံနဲ့ အဲ့ဒီနိုင်ငံကကျောင်းတွေကို တက်မယ် တက်မယ် ဆိုပြီး နန့်နန့်မလူးကြပါနဲ့။ 
  • တရားဝင်မှု့ရှိမရှိ၊ 
  • ကိုယ်တက်ရောက်တဲ့ ဘာသာက ကိုယ့်ကို ထမင်းပြန်ကျွေးနိုင်လား မကျွေးနိုင်ဘူးလား၊ 
  • ကိုယ်သင်ယူထားတဲ့ အခြေခံနဲ့ နီးစပ်မှု့ရောရှိရဲ့လား၊ 
  • နိုင်ငံတကာ အသိအမှတ်ပြုတာ တစ်ကယ်ဟုတ်မဟုတ်၊ 
  • ကိုယ့်အသိထဲမှာ အဲ့ဒီကျောင်းကို တက်ဖူးတဲ့ လူရှိမရှိ၊
  • ကျောင်းတက်ပြီးတော့ ကျောင်းပြီးသွားတဲ့လူတွေ ဘာအလုပ်လုပ်ပြီး ၀င်ငွေဘယ်လောက်ရလဲ၊ 
  • ဒီရတဲ့ ဘွဲ့၊ ဒီပလိုမာက နောင် ၃ နှစ် သို့ ၅ နှစ်အတွင်းမှာ တက်လမ်းဘယ်လောက်အထိရောက်အောင် တွန်းပို့နိုင်သလဲ
  • ပိုက်ဆံတွေ များလွန်းလို့ ထားစရာမရှိဘူးဆိုရင်လဲ အောက်စဖို့တို့ ကိန်းဘရစ် တို့သာသွားပါလို့ တိုက်တွန်းပါရစေ၊ အဲ့ဒါတွေကတော့ ကမ္ဘာ့ အသိအမှတ်ပြုတော့ စိတ်ပူစရာသိပ်မလိုပါဘူး။
  • ဈေးအရမ်းပေါ တဲ့ တစ်ချို့ တက္ကသိုလ်တွေဆိုရင်တော့ သတိကြီးကြီးထားကြပါ ပေါချောင်ရင် မကောင်းတတ်ပါဘူး

စသည် စသည်များကို သေချာစွာ စီစစ် သုံးသပ်ပြီးမှ တက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။

Source : 1

2 comments:

  1. အေး ကျောင်းသားအတုတွေ ဖမ်းမယ် နံပတ် 1.AH ပါ အဟိ အဟိ နာက မူကြိုတုန်းကတိုင် ချစ်လယ် မုန်းလယ် ကျောတက်လို့ ကျောင်းအတက်ခဲ့ရ၀ူးးးးးးး နာပါဝူး နာပါဝူးးးးးးး

    ReplyDelete
  2. ဟုတ်ကဲ့ ပါ ခင်ဗျာ

    ReplyDelete