စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, September 3, 2011

အနာဂါတ်မှာ အသုံးပြုလာဖွယ်ရှိသည့် ဘက်(စ်)ကား


               လူနေသိပ်သည်းမှု့ထူထပ်တဲ့ မြို့ပြ သယ်ယူပို့ဆောင်ရေးအတွက် စီမံခန့်ခွဲသူတွေရဲ့ ခေါင်းခဲစရာ ပြသနာကတော့ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း (Traffic) တွေနှင့်ပတ်သတ်ပြီးတော့ ဘယ်လို မြန်ဆန်လာအောင်လုပ်မလဲဆိုတဲ့ ပြသနာပါ။ သမရိုးကျ ဘက်စ်ကားတွေကို တိုးမြှင့်ပြီးပြေးဆွဲမယ်ဆိုရင်လဲ ဒါဟာ လမ်းတွေကို ပိုမိုပိတ်ဆို့စေပြီး အခြေအနေကို ပိုမိုဆိုးဝါးစေပါလိမ့်မယ်။  ဒါအပြင် လေထုညစ်ညမ်းမှု့တွေလည်း ပိုမိုပြီးဆိုးဝါးလာစေမှာပါ။  ဒါမှမဟုတ် မြေအောက်ရထား (Subway) တွေကို သုံးချင်ပါသလား။  ဒီနည်းလမ်းကတော့ ငွေကြေးအကုန်အကျ ပိုမိုများပြားစေပြီး တည်ဆောက်ရမည့် အချိန်ရှည်လျှားပါတယ်။  ဒီတော့ ပိုမိုပြီး ဈေးသက်သာတဲ့၊ ပိုမိုပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု့ကို လျှော့နည်းစေမည့် (Greener enviornemnt)၊ အစားထိုး တစ်ခုအနေနှင့် စဉ်းစားရမှာကတော့ “Straddling Bus” လို့ခေါ်တဲ့ ကားများ အောက်မှ သွားနိုင်တဲ့ ဘက်စ်ကား မျိုးဆက်သစ်ကို ဘဲဖြစ်ပါတယ်။  အနာဂါတ်မှာ ဒီဘက်စ်ကားကို ဘေဂျင်း မင်တောင်ဂူး နယ်မြေမှာ စတင်ပြေးဆွဲဖို့ အစီအစဉ်ရှိပါတယ်။ 

          “Shenzhen Hashi Future Parking Equipment Co., Ltd” ကပြသထားတဲ့ ဒီ သရုပ်ပြပုံစံငယ်ဟာ မြေအောက်ရထားနဲ့ဆင်တူ သလို ပုံမှန်ရထားတွေလိုမျိုး လမ်းရဲ့ဘေးမှာ တည်ဆောက်ရမှာဖြစ်ပါတယ်။  ၄င်း ဘက်စ်ကားဟာ ၄မီတာကနေ ၄.၅မီတာအထိ အမြင့်ရှိမှာဖြစ်ပြီး ခရီးသည်တွေကတော့ ဒုတိယထပ်မှာ စီးနင်းလိုက်ပါရမှာပါ။  အောက်ထပ်မှာတော့ ကားတွေ ဖြတ်သန်းသွားလာလို့ရအောင် ဒီဇိုင်းရေးဆွဲထားပြီး ၂မီတာထက် နိမ့်တဲ့ ကားတွေ ဖြတ်သန်းသွားလာနိုင်ပါတယ်။  ဒီဘက်စ်ကားကို နေရောင်ခြည်စွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်ကို ပေါင်းစပ်အသုံးပြုကာ မောင်နှင်ပြီး တစ်နာရီကို ကီလိုမီတာ ၆၀ အထိ အရှိန်မြှင့်နိုင်ပါတယ်။  ခရီးသည်တင်ဆောင်နိုင်မည့် အရေအတွက်ကတော့ ၁၂၀၀-၁၄၀၀ ဦးရေအထိ တင်ဆောင်နိုင်မှာပါ။  ဒီလိုမျိုး ဘက်စ်ကား တစ်စီးနဲ့ သူ့အတွက် ပြေးလမ်း ၄၀ ကီလိုမီတာ အကွာအဝေးအတွက် ကုန်ကျစရိတ်ကတော့ တရုတ်ယွမ်ငွေ သန်း ၅၀၀ လောက်ကုန်ကျမယ်လို့ဆိုပါတယ်။  ဒါဟာ ထိုကဲ့သို့ မြေအောက်ရထား (Subway) ဆောက်လုပ်လျှင် ကုန်ကျမည့်ငွေရဲ့ ၁၀% ဘဲရှိပါတယ်။  ဒါကတော့ သရုပ်ပြ ဗီဒီယိုလေးပါ။

No comments:

Post a Comment