စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 1, 2011

Facebook (ဖေ့စ်ဘွတ်) က ပိုက်ဆံတွေကို စားပစ်နေတာလား?


          သင်ဖေ့စ်ဘွတ်ကို တစ်နေ့ ဘယ်နှစ်နာရီ သုံးပါသလဲ?  သင် ဟိုရောက်နေတယ်၊ ဒီရောက်နေတယ်၊ ဒါလေးတွေ လုပ်နေတယ် ဆိုတဲ့ ဟာလေးတွေကော မကြာခဏ ဖေ့စ်ဘွတ်ပေါ် တင်ဖူးပါသလား?  ဒီလိုတင်တာဟာ ဘယ်သူ့ကိုမှ မထိခိုက်ဖူးလို့ ထင်ပါသလား? ဒါဆိုရင်တော့ သင်မှားပါတယ်တဲ့။  ဖေ့စ်ဘွတ်က ပိုက်ဆံတွေကို ဖြုန်းတီးပစ်နေပါတယ်တဲ့။ 
          မိုက်ကယ် ဖဇ်ပက်ထရစ်ဆိုတဲ့ ပုဂ္ဂိုလ် တွက်ပြတာကတော့ အမေရိကန်က အလုပ်သမားတွေဟာ တစ်နေ့ကို အကြမ်းဖျင်းအားဖြင့် ၇ မိနစ် ဖေ့စ်ဘွတ်သုံးပါသတဲ့။  အဲ့ဒါကို အမေရိကန်တစ်လွှား အင်တာနက် အသုံးပြုသူ ၄၈ သန်းနဲ့ မြှောက်လိုက်ပါတဲ့။  ၃၃၆ သန်းသော မိနစ်တွေဟာ တစ်နေ့ တစ်နေ့ ဖြုန်းတီးပစ်နေသလိုပါဘဲတဲ့။  ဒီအချိန်တွေဟာ စီးပွားရေးလုပ်နေသူတွေအတွက် ဒေါ်လာ သန်းပေါင်း ၁၄၀ နစ်နာစေပြီး၊ တစ်နှစ်မှာဆိုရင် ကုန်ထုတ်လုပ်နိုင်စွမ်း ဘီလျံ ၂၈၀ ဖိုးလောက် ဟာ ဒီ ဖေ့စ်ဘွတ်ကို သုံးလို့ အလဟသဖြစ်စေပါသတဲ့။ 
Source : Link 1

                        ကျွန်တော့် အမြင်အရကတော့  မဇ္ဇျိမပဋိပဒါ ဆိုတဲ့ အလည်အလတ် လမ်းစဉ်သာလျှင် အကောင်းဆုံးပါဘဲ။  ဖေ့စ်ဘွတ်ကြီး မရှိတော့လဲ ပျင်းစရာကြီး၊ အလွန်အကျူးသုံးတော့လည်း ဟိုကပြောသလို ကုန်ထုတ်လုပ်မှု့ကျဆင်းသလို့ ကိုယ့်အချိန်တွေလဲ ကုန်တာပါဘဲ။  ဘာဘဲဖြစ်ဖြစ်ပေါ့လေ… အခု ဘာတွေ အသစ်တင်နေလဲသိရအောင် ဖေ့စ်ဘွတ် သွားကြည့်လိုက်ဦးမယ်…. ဘိုင့် ဘိုင်

No comments:

Post a Comment