စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 28, 2011

ငလျှင်လှုပ်၊ မြေပြို ပိတ်မိနေထဲကြားထဲက ၁ လကျော်ကြာ ရုန်းကန်ခဲ့တဲ့ ၀က်


          ၂၀၀၈ ခုနှစ်တုန်းက တရုတ်က စီချွမ်မှာ အင်းအား ရစ်ချက်တာစကေး ၈ လောက်ရှိတဲ့ ငလျှင်လှုပ်တော့ လူပေါင်း ၉ သောင်းလောက် သေဆုံးခဲ့တာကို မှတ်မိမှာပေါ့။  ဒါဟာ သူတို့ နေထိုင်ခဲ့တဲ သက်တမ်းတစ်လျှောက်မှာ အပြင်းထန်ဆုံးသော သဘာဝဘေးအန္တရာယ် တစ်ခုလည်းဖြစ်ပါတယ်။
          ဒီဝက်ကတော့ ထူးထူးခြားခြား ပြိုကျ ပျက်စီးနေတဲ့ အပျက်အစီးတွေကြားထဲမှာ ရက်ပေါင်း ၃၆ ရက်လောက် ပိတ်မိနေရင်းနဲ့ကို အသက်ရှင်လျှက်ပြန်ထွက်လာနိုင်ပါသတဲ့။  ဒီဝက်ရဲ့ နာမည်က ကျူးကျန်းကျင်း လို့ခေါ်ပါသတဲ့။  ဘာသာပြန်လိုက်ရင် Storng-willed (မျှော်လင့်ချက်တွေကို ပြင်းပြစွာ ဆုပ်ကိုင်သူ လို့ဘဲဘာသာပြန်မလား ထားလိုက်ပါတော့)  အဲ့ဒီလို ၀က်ကို နာမည်ပေးထားပါတယ်။  ဒီဝက်ဟာ မြေပိနေတုန်း မီးသွေးနှင့် ကျလာတဲ့ရေတွေကို စားသောက်ရင်း အသက်ဆက်ခဲ့ရတယ်လို့ဆိုပါတယ်။ 
          ခုတော့ ဒီဝက်အတွက် နောက်ထပ်နာမည်ကြီးစေမည့် သတင်းတစ်ခု ထပ်မံထွက်ပေါ်လာပါပြီ။   ပြီးခဲ့တဲ့ ရက်သတပတ် အနည်းငယ်တုန်းက တရုတ်မှ သပ္ပံပညာရှင်တွေဟာ ကျူးဆီက မျိုးရိုးဗီဇကို ယူပြီးတော့ ၀က်ပေါက်စလေးခြောက်ကောင်ကို DNA နည်းအရပုံတူမျိုးပွားခဲ့ပါသတဲ့။  ဒီခြောက်ကောင်စလုံးဟာ ဘမျိုးဘိုးတူ သူတို့ အဖေနှင့် တစ်ပုံစံတည်းတူပါသတဲ့။  ကျူးကိုယ်တိုင်ဟာ ငလျှင်မလှုပ်ခင်တုန်းက အသင်းခံထားရလို့ သဘာဝနည်းအရ မျိုးရိုး မပြန့်ပွားနိုင်တော့ပါဘူးတဲ့။  ဟောင်ကောင်အခြေစိုက် Sunday Morning ရဲ့အဆိုအရတော့ ဒီ ၀က်ခြောက်ကောင်ဟာ အထီးအမ စုံလိုက်ဖြစ်ပြီးတော့ သူတို့ကို မျိုးရိုးဗီဇ ပြတိုက်မှာ အရှင် ပြသထားမယ်လို့ မျှော်လင့်တယ်လို့ဆိုပါတယ်။ 
          ဒီလိုဆိုတော့လဲ ၀က်ခေါက်ကင်ဖြစ်မယ့်ဘေးက လွတ်သွားတဲ့အတွက် အဆိုပါဝက်ကလေးတွေ အတွက် ၀မ်းသာမိပါကြောင်း။  အောက်ကလင့်ကတော့ ဒီဝက်အကြောင်းပြောသွားတဲ့ သတင်းလေးပါ။













Source : (Link)

No comments:

Post a Comment