နယူးဂျာစီပြည်နယ် ရဲမှုး က ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိပါဘူး၊ ကျွန်တော့် မိန်းမ အပါအ၀င်ပေါ့လေ လို့ ဆိုသွားပါတယ်။
ရဲ့မှုးကြီး ဗင်းဆင့်ကရူးဆိုး ရဲ့ မိန်းမဟာ
သူတို့ရဲ့ ငါးနှစ်သား သားငယ်လေးကို ကျောင်းသွားအပို့မှာ ယာဉ်နှစ်ထပ် ရပ်နားပြီး ကလေးကို
ဆင်းစေခဲ့လို့ ရဲ့မှုးကြီးက ဒဏ်ရိုက်တယ်လို့ ဆိုပါတယ်။
ခရူးဆိုးက The record newspaper (http://bit.ly/pksv9y) ကို ပြောသွားတာကတော့ သူဟာ သူ့ဇနီးဖြစ်သောငြားလည်း
ရဲ့မှုးကြီးရဲ့မိန်းမဆိုတဲ့ အရှိန်အ၀ါနဲ့ အခွင့်ထူးယူမှာကို မလိုချင်ဘူးလို့ ဆိုသွားသတဲ့။ ဒီအတွက် ရဲမှုးကြီးဟာ ၅၄ ဒေါ်လာ ဒဏ်ငွေပေးဆောင်ခဲ့ပါတယ်။
ဒါဟာ ရဲမှု့ကြီးရဲ့ ဇနီး ပေါ်လာ ကရူးဆိုး အတွက်
အပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့
၂ နှစ်တုန်းကလည်း လမ်းသန့်ရှင်းရေးလုပ်နေတုန်း သူမ မေ့ပြီးတော့ ကားကို မရွှေ့မိလို့
ဒဏ်ငွေဆောင်ရပြီးပါပြီ။
ရဲမှုးကြီးကတော့ သတင်းစာကို ပြောသွားရာမှာ
သူဟာ သူရဲ့ ဇနီးကို ချစ်ပါတယ်။ သူမိန်းမဟာ တစ်ကယ်တော့ သူ့မိသားစုရှိ ကလေး ၄ ယောက်နဲ့ကားမောင်းတဲ့အခါမှာ
တော်တော်လေးကို အလုပ်ရှုပ်နေတတ်ပါတယ် လို့ ဆိုသွားပါတယ်။
သူ့ဇနီး ကတော့ ဒီသတင်းကို ထင်မြင်ချက်ပေးဖို့
ဆက်သွယ်လို့မရပါခဲ့ပါဘူးတဲ့။
No comments:
Post a Comment