စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 21, 2011

ဒေါ်လာ ၂သိန်းခွဲ တန် အရက်ပုလင်းကို ၀ယ်တဲ့ တရုတ်


          ချန်ဂီ ဂျူတီ ဖရီးမှာ ဖြတ်တိုင်း ငမ်းနေကျ စင်ကာပူဒေါ်လာ ၂ သိန်းခွဲတန် Dalmore စကော့ဝီစကီ ပုလင်းကတော့ စက်တင်ဘာ ၁၇ ရက်နေ့က ကြိုတင် ဘွတ်ကင်နဲ့ ကိုရွှေတရုတ် လက်ထဲကို ပါသွားပါပြီ။  ဒီ ၆၂ နှစ်သား ၀ီစကီဟာ အလွန်ရှားပါးတဲ့ ၀ီစကီဖြစ်ပါတယ်။  Changi Airport Group (CAG) ကပြောရေးဆိုခွင့်ရတဲ့သူတစ်ယောက်ရဲ့အဆိုအရကတော့ အသက် ၄၀ ၀န်းကျင် တရုတ်စီးပွားရေသမားတစ်ယောက်က ဘွတ်ကင် ၁ သိန်း ထားခဲ့ပြီးတော့ ဒီပုလင်းကို မှာယူသွားကြောင်းဆိုပါသတဲ့။  တစ်ကမ္ဘာလုံးမှာ ဒီလို ၀ီစကီ ၁၂ ပုလင်းသာ ရှိတယ်လို့ အဲ့ဒီပြောရေးဆိုခွင့်ရ တန် ဆိုတဲ့ လူကဆိုပါသတဲ့။  အင်း… ဘယ်နားပိုက်ဆံထားရမှန်းမသိတဲ့လူတွေကတော့ ဒါမျိုးအရည်တွေ ၀ယ်ပြီး သောက်ကြမှာပေါ့လေ။  


Source : 12

8 comments:

  1. ငပိန်း... မနာလိုလို့ ပြောတာ ဟီးဟီး

    ReplyDelete
  2. ဒီမှာလဲ ပိုစ့်တင်သာ တင်လိုက်ရတာ မျက်ရည်လေး တစ်စမ်းစမ်းနဲ့ သွားပေဦးပေါ့ ၂ သိန်းခွဲတန်ရယ်....အနံရှုရင်တောင် တစ်ခါရှု ၁၀၀၀ လောက်ပေးရမလား မသိဘူး :(

    ReplyDelete
  3. အယ်... ကိုရင်ရေးတဲ့ တစ်ခွက်ကို ဘယ်လောက်ကျမလဲ မသိဘူး နိုင်သလောက်လေး ၀င်မြည်းချင်လှပါဘိ ကို ကျွန်တော် ကလစ်လိုက်တာ ပျောက်သွားပြီ..... ဆောရီး ကိုရင်.. တစ်ကယ် ဆောရီးပါခင်ဗျာ။ Undo ကလည်း မတွေ့ တေပီ ဆရာ။

    ReplyDelete
  4. ဘာလဲ ဖျက်ရင်ဖျက်တယ်ပေါ့
    ဒိုးကန်ဟာတော့ဖျက်ရဲဖျက်ကြည့်နော်
    နေ့တိုင်းလာထိုင်ငိုနေမှာ....

    အဲပုလင်းကို အလကားတိုက်ပါ့မယ်ဆိုတောင်သောက်ဘူး ..
    အချိုရည်ဆိုဟုတ်တုတ်တုတ် ငတုံးတွေပဲ သောက်တာ
    လူလိမ်မာတွေမသောက်ဘူး ကွ...း)

    ReplyDelete
  5. ဘုရားစူး မိုးကြိုးပွတ်... ထီပေါက်... အဲ့ဒီပုလင်းကြီး မျက်စေ့လည်ပြီး အိမ်ရောက်လာရပါစေရဲ့... မှားပြီး နှိပ်မိတာပါခင်ညာ။ ကျွန်တော်မျိုးကြီး မဖျက်ရဲပါဘူး မဒမ်ရဲ့။ ဓားစက်ကြီးနဲ့ တော့ မစီရင်ပါနဲ့နော်... ကျွန်တော်မျိုးကြီး တောင်းပန်ပါတယ်ခင်ဗျာ။

    ReplyDelete
  6. ၆၂ နှစ်သားဝီစကီရဲ့ တန်ဘိုးကလည်း မနည်းပါလားနော်း)
    ကိုယ်နှစ်သက်တာကို လုပ်ရရင် တန်တယ်လို့ယူဆနိုင်ပါတယ်လေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အန်တီတင့် ပို့သသော မေတ္တာကြောင့် စိတ်ဓာတ် ကြည်လင်အေးမြ ပါတယ်ခင်ဗျာ။ ခုလို တစ်ကူးတစ်က လာလည်တဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။

    ReplyDelete