စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, September 26, 2011

တရုတ်ပြည်ရဲ့ ပထမဆုံး ရွှေရောင်းစက်(ATM)


          တရုတ်ပြည် ဘေဂျင်းမြို့က ၀မ်ဖုကျင်းလမ်းဆိုတာက အမြဲတမ်းကို ဈေးဝယ်သူတွေနှင့် စည်စည်ကားကားရှိနေတဲ့ လမ်းတစ်ခုပါ။  ပြီးခဲ့တဲ့စနေနေ့ (၂၄.၉.၂၀၁၁) မှာ အဆိုပါ ၀မ်ဖုကျင်းလမ်းမှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး ရွှေဝယ်စက်ကို တပ်ဆင်ရောင်းချပါပြီ။  ရွှေဝယ်ချင်တဲ့လူတွေဟာ ပိုက်ဆံဒါမှမဟုတ် ကဒ်ကို အသုံးပြုကာ အဆိုပါစက်ထဲမှ အလေးချိန်အမျိုးမျိုးရှိတဲ့ ရွှေချောင်းတွေ၊ ဒါမှမဟုတ် ရွှေဒင်္ဂါးပြားတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ၀ယ်ယူနိုင်ပါပြီ။
          တစ်ကြိမ်ဝယ်ယူမယ်ဆိုရင် အများဆုံး ၂.၅ ကီလိုဂရမ် (၅.၅ ပေါင်) ဒါမှမဟုတ် တရုတ်ယွမ်ငွေ ၁ သန်း(အမေရိကန်ဒေါ်လာ ၁၅၆၅၀၀ ၀န်းကျင်) အထိ ၀ယ်ယူနိုင်ပါတယ်လို့ ဆိုပါတယ်။ 
          ဗြိတိန်၊ အမေရိကန်၊ အရှေအလည်ပိုင်းက နိုင်ငံတွေ နှင့် ဥရောပမှာလဲ ရွှေရောင်းပေတဲ့စက်တွေ ရှိပါတယ်။  တရုတ်နိုင်ငံကတော့ လုံခြုံရေးစိတ်ချရတဲ့ နေရာတွေမှာ ဒီလို ရွှေရောင်းပေးတဲ့စက်တွေ ထပ်မံတပ်ဆင်ဦးမယ်လို့ဆိုပါတယ်။  နောက်ထပ်ဘယ်လောက်ထပ်မံတပ်ဆင်မယ်ဆိုတာကိုတော့ အတည်မပြုသေးပါဘူး။  ဒီ ရွှေ ATM စက်ကို ဘေဂျင်းစီးပွားရေးနှင့် စိုက်ပျိုးရေး ဘဏ်နှင့် ရွှေရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုတို့က ပူးတွဲဖွင့်လှစ်ခဲ့တာပါ။

          ရွှေဆိုတာက ငွေကြေးဖောင်းပွမှု့ကို ကာကွယ်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်လို့ ဒီလိုစက်မျိုးဟာ ရွှေဝယ်ပြီး စုလိုကြတဲ့ တရုတ်တွေအတွက် လွယ်လင့်တစ်ကူ ၀ယ်ယူပြီး ငွေကြေးဖောင်းပွမှု့ကနေ ကာကွယ်နိုင်ပါတယ်။
ကမ္ဘာ့ရွှေကောင်စီရဲ့ အဆိုအရ ၂၀၁၀ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ရွှေဝယ်ယူလိုမှု့ဟာ ၂၇% တက်လာပြီး ၅၉၇.၅ တန်ဝယ်ယူခဲ့ပါတယ်။ အန္ဒိယကတော့ လောလောဆယ် ၀ယ်လိုအားအများဆုံးနိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ၆၆% ၀ယ်လိုအားတက်ခဲ့ပြီး ၉၆၃.၁ တန်ဝယ်ယူခဲ့ပါတယ်တဲ့။


Source : (Link)

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ချစ်ရေ... ကိုမဖျက်ဘူးနော်... comment ကို :P

    ReplyDelete