စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, September 6, 2011

မီတာ ၂၀၀၀ကျော် အမြင့်ရှိမည့် လူအင်အားဖြင့် တည်ဆောက်မည့် တောင်



          ဒီစိတ်ကူးက သတင်းစာက ဂျာနယ်လစ်တစ်ယောက် လျှာရိုးမရှိတိုင်း လျှောက်ပြောခဲ့တာက စတယ်လို့ဆိုပါတယ်။  ဒါပေမယ့် အခုတော့ ဟော်လန်က ဗိသုကာတွေ၊ အင်ဂျင်နီယာတွေ၊ တည်ဆောက်ရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီမြှပ်နှံသူတွေဟာ ဒီ မီတာ ၂၀၀၀ ကျော်မြင့်တဲ့ လူလုပ် တောင်ကြီးကို နယ်သာလန်နိုင်ငံမှာ တည်ဆောက်ဖို့ အလေးအနက်ထားပြီး စဉ်းစားလာကြပြီ ဖြစ်ပါတယ်။

          နယ်သာလန်က သတင်းစာတစ်စောင်ဖြစ်တဲ့ De Pers မှာ အရင်တုန်းက တောင်တက် သမားတစ်ဦးဖြစ်တဲ့ Thijs Zonneveld က သူ့နိုင်ငံဟာ ကိုယ်ပိုင်တောင်တစ်ခုတော့ တည်ဆောက်သင့်တယ်လို့ ဟာသအဖြစ်ပြောခဲ့ဖူးပါတယ်။  အဲ့ဒီတောင်မှာ တောင်စောင်းလေးတွေ၊ ချိုင့်ဝှမ်းလေးတွေ နှင့်အတူ ရွာကလေးတွေ နဲ့ စိမ်းစိမ်းစိုစိုပေါ့လို့ ပြောခဲ့ပါတယ်။  ဟောင်လန်နိုင်ငံဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့ အောက်နိမ့်ကျနေတဲ့ နိုင်ငံဖြစ်ပါတယ်။  အမြင့်ဆုံး မြေပြင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၃ မီတာအမြင့်မှာဘဲရှိပါတယ်။
          ဒါပေမယ့် အခုတော့ Zonneveld ရဲ့ အတွေးဟာ အသက်ဝင်လာပြီလို့ ဆိုရမှာပါ။  သူဟာ နည်းပညာရှင်တွေဆီကနေပြီးတော့ ဒီလိုတောင်ဆောက်လုပ်ဖို့အတွက် လေးနက်တဲ့ အကြံပေးချက်တွေကို လက်ခံရရှိပါတယ်တဲ့။  “ဒါဟာ ကျွန်တော့်တစ်ယောက်ထဲမှာသာ ဒီလိုမျိုး အတွေးရှိတာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သတိပြုမိပါတယ်” Reuters သတင်းဋ္ဌာနကို သူကပြောပါတယ်။
          အခုတော့ သူ့တွေးအခေါ်ဟာ တစ်ဖြည်းဖြည်းပျံနှံလာပြီး Dutch Ski Association၊ Dutch Climbing၊ Mountaineering Association၊ Royal Dutch Cycling Union စတဲ့ အဖွဲ့တွေက ဒီတောင်ကြီးဆောက်လုပ်ဖို့ အားတက်သရော ထောက်ခံနေကြပါတယ်။  ဗိသုကာ Hoffer နှင့် Kruger တို့ဟာ အခု ဒီတောင်ကြီးနဲ့ပတ်သတ်ပြီးတော့ အကြမ်းဖျင်း စတင်ရေးဆွဲနေပြီး ဖြစ်နိုင်ခြေရှိတဲ့ လက်တွေ့လုပ်နိုင်မည့်အရာတွေကို စတင်ပြီးတော့ ပြင်ဆင်နေကြပါပြီ။
          ဒီစီမံကိန်းကို “Die Berg Komt Er” (မကြာခင်လာတော့မယ့် တောင်ကြီး)လို့ အမည်ပေးထားပါတယ်လို့ Yahoo သတင်းမှာ ဖော်ပြထားပါတယ်။  ဒီတောင်ကြီးကို ဆောက်လုပ်ဖို့ရာ နှစ်ပေါင်း ၃၀ လောက်ကြာမြင့်နိုင်ပြီး ကုန်ကျငွေကတော့ ယူရို ဘီလျံ ၄၀ ကနေ ၂၇၀ ကြားလောက်ရှိမှာ ဖြစ်ပါတယ်။  ဒီတောင်ကြီး ပြီစီးသွားရင်တော့ တောင်ရဲ့ အချွန်အတက်တွေအောက်မှာ ရေကူးကန်တွေ၊ ရုပ်ရှင်ရုံတွေ၊ အားကစားရုံတွေ စတဲ့ အဆောက်အဦးတွေ ထားရှိမှာဖြစ်ပြီး ကိုယ်ပိုင် ရေပေးဝေမှု့စနစ်လည်း ထားရှိမှာဖြစ်ပါတယ်။
          ဒါဟာ အလွန်ကို ရဲတင်းလွန်းတဲ့ စိတ်ကူးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းကို တော်တော်များများက အလေးအနက်ထား စဉ်းစားလာကြပါပြီ။  “အခုဆိုရင် ကုမ္မဏီကြီးတော်တော်များများကလည်း စိတ်ဝင်တစားနဲ့ ပါဝင်လာကြပြီး၊ သက်ဆိုင်ရာ မြို့နယ် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကလည်း စိတ်ဝင်စားနေကြပါပြီ” လို့ Zonneveld ကပြောပါတယ်။
          ဒါဟာ တစ်ကယ်တော့ ပထမဆုံး လူလုပ် တောင်ကြီးမဟုတ်ပါဘူး။  ၂၀၀၉ ခုနှစ်မှာ ဂျာမဏီနိုင်ငံက ဗိသုကာ Jakob Tigges ဆိုသူဟာ မီတာ တစ်ထောင်အမြင့်ရှိတဲ့ တောင်တစ်တောင်ကို ဘာလင်လေဆိပ်နားမှာ ဆောက်လုပ်ဖို့ အကြံရခဲ့ဖူးပါတယ်တဲ့။  ဒါပေမယ့် စိန်ခေါ်မှု့များစွာနဲ့ ရင်ဆိုင်အပြီးမှာတော့ Tigges ဟာ မီတာ ၆၀ အမြင့်ရှိတဲ့ တောင်ဘဲ ဆောက်လုပ်ဖြစ်ပါတယ်တဲ့။
Source : 1

2 comments:

  1. ဒီက လူလုပ်တဲ့ အပန်းဖြေစရာတွေနဲ့ နာမည်ကြီးနေတဲ့ စင်ကာပူလည်း လိုက်တုပြီး လုပ်နေဦးမယ်... ပင်လယ်ထဲ တောင်ဆိုပြီး...

    အခု မြစ်ထဲက ဘော်လုံးကွင်းတောင် လုပ်ထားသေးတယ်...

    ReplyDelete
  2. ဟုတ်ပ အစ်ကိုရာ... ခြတောင်ဖို့သာသာလောက်လောက် လုပ်ပြီးတော့ ပိုက်ဆံသယ့်ယူဦးမှာပေါ့ :)

    ReplyDelete