စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, October 2, 2011

ပန်ဒါလေးများ စောင့်ရှောက်ရေးဂေဟာ


          ဒါကတော့ တစ်ရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာရှိ ချန်ဒူးမြို့က ပန်ဒါစောင့်ရှောက်ရေး ဂေဟာဖြစ်ပါတယ်။  ဒီဂေဟာမှာ ယခုတွေ့မြင်ရတဲ့ ပုံအတိုင်း ကမ္ဘာ့မျိုးတုန်းပျောက်ကွယ်လုနီးပါး အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ပန်ဒါဝက်ဝံကလေးတွေကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေကြပါတယ်။
          ဒီနေရာလေးဟာ တရုတ်ပြည်ရဲ့ ပန်ဒါဝက်ဝံ မျိုးဆက် ပျောက်ကွယ်မသွားရအောင်၊ ဆက်လက်ပြန့်ပွားရေးအတွက် သုသေသန ရှာဖွေဆောင်ရွက်မှု့တွေကို အဓိက လုပ်ဆောင်နေတဲ့ နေရာလေးလည်းဖြစ်ပါတယ်။ 
          တရုတ်နိုင်ငံဟာ လည်းကောင်းတို့ နိုင်ငံရှိ တောနက်တွေထဲမှာ နေထိုင်ကျက်စားနေတဲ့ ပန်ဒါအရေအတွက်ကို စစ်တမ်းကောက်ယူနေဆဲဖြစ်ပါတယ်။  ဒါလို စစ်တမ်းကောက်ယူခဲ့တာဟာ ၁၀ စုနှစ်ပေါင်းအတော်ကြာ ကထည်းက ကောက်ယူခဲ့တာဖြစ်ပြီး ပထမဆုံး စစ်တမ်းကိုတော့ ၁၉၇၀ ၀န်းကျင်မှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

          ၂၀၀၁ ခုနှစ်မှာ နောက်ဆုံး စစ်တမ်းကောက်ယူမှု့အရကတော့ သဘာဝတောတောင်တွေထဲမှာ ပန်ဒါပေါင်း ၁၅၉၆ ကောင်ရှိနေတာလို့ သိရပြီး ၁၂၀၆ ကောင်ဟာ စီချွမ်ပြည်နယ်မှာ ရှိပါတယ်။  ကျွန်တော်တို့ပြည်ကြီးမှာလည်း မျိုးတုန်းပျောက်ကွယ်လု နီးပါဖြစ်နေတဲ့ ဧရာဝတီ လင်းပိုင်လေးများကို စောင့်ရှောက်ပေးနေတဲ့အတွက် များစွား ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။  ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ကာကွယ်မှု့လေးတွေကိုလည်း လုပ်ဆောင်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : (Link)

4 comments:

  1. ဟိဟိ ငါ့သားသမီးတွေပါလား
    ချစ်စရာလေးတွေပါလား

    ReplyDelete
  2. တစ်ခေါက်လောက် စီချွမ် သွားပြီး ကြည့်ဦးမယ်.... အရှင်လတ်လတ် တစ်ခါမှ မမြင်ဖူးသေးဘူး။

    ReplyDelete
  3. ချစ်စရာလေးတွေ.. ပန်ဒါလေးတွေက.. :D

    ReplyDelete
  4. ချစ်ဖို့ကောင်းလိုက်တာ ပန်ဒါလုံးလုံးလေးတွေပါလား။ နာ့လဲတကောင်လောက်မွေးချင်လိုက်တာ :) ဟီး

    ReplyDelete