စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, October 22, 2011

စားကြဦးမလား ၃၃၈ ပေါင်လေးတဲ့ ဒေါ်လာ ၂၀၀၀ တန် ဟမ်ဘာဂါ


     အမေရိကန်နိုင်ငံက “Mallie’s Sport Grill & Bar” ဆိုတဲ့ စားသောက်ဆိုင်ဟာ ဟမ်ဘာကာ အကြီးကြီးတွေ ရောင်းတာနဲ့ ပတ်သတ်ပြီး နာမည်ကြီးပါတယ်။  အခုလည်း ဒီထရွိက်သတင်းဋ္ဌာနကနေပြီးတော့ ဒီ Millie’s Sports Grill & Grill စားသောက်ဆိုင်မှ ၃၃၈ ပေါင် အလေးချိန်ရှိတဲ့ ဟမ်ဘာကာ ကြီးကို မှာယူစားသောက်နိုင်ပြီဖြစ်ပါသတဲ့။  လူတွေအများကြီး ကတော့ ဒီ ဒေါ်လာ ၂၀၀၀ တန် ဟမ်ဘာကာကြီးကို လာကြည့်ပြီး သွားရည်ယိုနေကြပါသတဲ့။
          ဒီဟမ်ဘာကာကြီးမှာ ကယ်လိုရီ ၅သိန်း ၄ သောင်းလောက်ပါဝင်ပြီး ၂၂ နာရီကြာအောင် အချိန်ယူရပါတယ်။  ဆိုင်ရဲ့ မန်နေဂျာ ဂျက်ဆင်ဂျုန်း ရဲ့အဆိုအရ ဒီဘာကာမှာ ဆလပ်ရွက် ၁၅ ပေါင်၊ ၀က်သားကျပ်တင်(bacon) ပေါင် ၃၀၊ ခရမ်းချဉ်သီး ပေါင် ၃၀၊ ချိစ့် ၃၆ပေါင် ပါဝင်ပြီး အားလူးချောင်းကြော်နဲ့ သောက်စရာ အရည်တစ်မျိုးမျိုးနဲ့ တွဲဖက်စားသောက်နိုင်ပါသတဲ့။

          ပြီးခဲတဲ့နှစ်တွေကလည်း ဒီစားသောက်ဆိုင်ဟာ ကြီးမာတဲ့ ဟမ်ဘာကာတွေ ရောင်းချမှု့လို့ နာမည်ကြီးလှပါတယ်။  ၂၀၀၉ ခုနှစ်မှာ ၁၈၆ ပေါင်လေးတဲ့ ဘာဂါကြီးကို ရောင်းချဖူးပြီး၊ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း ၃၁၉ ပေါင်လေးတဲ့ ဟမ်ဘာဂါကြီးကို ရောင်းချဖူးပါတယ်။
          အရသာဘယ်လိုနေမလည်းဆိုတာကိုတော့ ဘာမှပြောမသွားပါဘူးတဲ့။

Source : (Link)

2 comments:

  1. .မင်းဟာ ကိုယ့်ဘ၀အဆက်ဆက်ရဲ့ ပါရမီဖြည့်ဖက်ပါ မနက်မိုးလင်တိုင်း မင်းနဲ့အတူ ကော်ဖီတခွက် ဟမ်ဘာဂါတခုစားရမယ်ဆိုရင် ပေါ့ (တူကတိပေးပြီးမှ ဒီလို ဘာဂါ ဆိုတာ ပြလိုက်မယ် ဟဲဟဲ)

    ReplyDelete
  2. အဲလောက်ကြီးတာကြီးဘယ်လိုများစားကြပါ့လိမ့်ဟယ်..

    ReplyDelete