စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 10, 2011

တရုတ်လယ်သမားထွင်လိုက်တဲ့ ရေငုပ်သင်္ဘော


          တရုတ်နိုင်ငံ ဟူပေ ပြည်နယ်၊ ၀ူဟန်း ဆင်ခြေဖုံး နားက ကျင်းလင်ရွားကလေးက ကျန်းဝူရိ ဆိုတဲ့ လယ်သမားဟာ တီထွင်မှု့ကို စိတ်ဝင်စားသူပါ။ အခုတော့ သူဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ ရေငုပ်သင်္ဘော အငယ်စားလေးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။  ဒီသင်္ဘောလေးကို “ရှောင်ဂေါင်းဟို” လို့ နာမည်ပေးထားပါသတဲ့။
          ၃.၆ မီတာရှည်ပြီး ၁.၈ မီတာစောက်နက်နဲ့ ဒီရေငုပ်သင်္ဘောဟာ မီတာ ၂၀ အနက်အထိ ရေငုပ်နိုင်ပြီး တစ်နာရီကို ၂၀ ကီလိုမီတာနှုန်းနဲ့ ၁၀နာရီလောက် ရေထဲမှာ သွားလာနိုင်ပါသတဲ့။  ရေငုပ်သင်္ဘောရဲ့ပုံစံကတော့ လင်းပိုင်နဲ့ ဆင်တူပါတယ်။
          ကျန်းဝူရိ ကတော့ “ကျွန်တော် ဒီရေငုပ်သင်္ဘော ကိုရေတပ်မှအသုံးချရန် ရောင်းချဖို့ မျှော်လင့်ထားပါတယ်။  တစ်စီးကို ယွမ် ၁ သိန်းနဲ့ သင်္ဘောရဲ့ အန္တရာယ်ကင်းရှင်လုံခြုံရေး စစ်ဆေးမှု့တွေ ပြုလုပ်ပြီးတဲ့ အချိန်ကျရင် ရောင်းမှပါ။  ဒီလထဲမှာ ကုန်သည်တစ်ယောက်က ပထမဆုံး တစ်စီးကို ၀ယ်ဖို့ရှိပါတယ်” လို့ ဆိုသွားပါတယ်။

မျက်နှာပြင်ချောအောင် ကျောက်စက်တိုက်နေကြတာ

လူဝင်ထိုင်ပြီး စမ်းသပ်ကြည့်နေတုန်း

သင်္ဘောထွက်ဖို့အတွက် ပြင်ဆင်နေကြပုံ

အောက်ဆီဂျင်ဘူးလို့တော့ ထင်တာဘဲ

ဟောဒါနဲ့ အုပ်လိုက်ရင် ရေလုံပြီ ခင်ဗျ

ကဲ ဘာပြောချင်သေးလဲ

Source : (Link)
Photos : Reuters/Jason Lee.


7 comments:

  1. ဟာ ကြံကြံဖန်ဖန်ဟား)

    ReplyDelete
  2. ကိုရင့်ကို တစ်စီးဝယ်ပေးပါလား မဒမ်... ဟီး ဟီး

    ReplyDelete
  3. တရုတ်တွေကတော့ တော်တော်ထွင်တယ် တာရှည်မခံတာပဲ ခက်တယ်း)

    ReplyDelete
  4. လယ်သမားကလဲတယ်တော်ပါလား
    ငါ့လိုပဲထင်ပါရဲ့လေ...ဟီး

    ReplyDelete
  5. ဟုတ်ပ ကိုမျိုးရေ....
    လယ်သမားက ဘယ်မဂျက်စ်လောက်တော်လိမ့်မလဲ..... မဂျက်စ်ကမှ ပိုတော်တာ.. :P

    ReplyDelete
  6. တရုတ်တွေက ဘယ်လိုပစ္စည်းဖြစ်ဖြစ် လုပ်နိုင်သလို ဈေးလည်းသက်သာတယ် ဒါပေမယ့် အရည်အသွေးညံ့တော့ ပျက်ဆီးမြန်တယ်။
    တစ်ခုရှိတာတော့ စင်္ကာပူကနေ ဝယ်လာတဲ့ တရုတ်လုပ် နာရီလေးတစ်လုံး အသုံးပြုနေတာ ကြာနေပြီ ကောင်းတုန်းပဲး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete