စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, October 6, 2011

ဝယ်ကြဦးမလား iPhone 5


          Apple ကတောင် iPhone 5 မထုတ်ဖြစ်သေးဘူး တရုတ်မှာတော့ iPhone 5 အတုတွေ ၀ယ်လို့ရနေပါပြီ။  လူပေါင်း သန်း ၃၅၀လောက် Register လုပ်ထားတဲ့ Taobao.com လိုမျိုး နာမည်ကြီး ရောင်းဝယ်ရေးတရုတ် ၀ဘ်ဆိုဒ်တွေမှာ iPhone 5 အတုတစ်လုံးကို ယွမ် ၂၀၀ (အမေရိကန် ၃၁ ဒေါ်လာ)လောက်နဲ့ ၀ယ်လို့ရနေပါပြီ။ 
          ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Apple က အများမျှော်လင့်သလို iPhone 5 ထွက်မလာဘဲ iPhone 4s သာထွက်လာခဲ့ပေမယ့် ၀ယ်ယူသူတွေကတော့ အဆိုပါဝဘ်ဆိုဒ်မှာ သူတို့အမြင်လေးတွေကို အခုလိုရေးသွားပါတယ်
          “အရမ်းကောင်ပါတယ်၊ ကျွန်တော် ၄၊ ၅ ရက်လောက်သုံးကြည့်ပြီးပြီ ၀ယ်ရတာ တန်ပါတယ်” လို့ Taoboa ၀ဘ်ဆိုဒ်ကနေ iPhone 5 ၀ယ်သူတစ်ယောက်က ရေးသွားပါတယ်။  တစ်ချို့ စမတ်ဖုန်းတွေကိုတော့ အတုပြုလုပ်တယ်လို့ စွပ်စွဲခံရမယ့်အရေး ရှောင်ရှားတဲ့အနေနဲ့ “HiPhone 5” လို့ တပ်ထားပေမယ့် ဖုန်းရဲ့ အနောက်မှာတော့ Apple ရဲ့တံဆိပ်ကို ယူသုံးထားပြီး “iPhone 5G”လို့ ဘက်ထရီထည့်တဲ့နေရာမှာ တံဆိပ်ရိုက်ထားပါသတဲ့။

          ကာလီဖိုးနီးယားပြည်နယ် Apple ဋ္ဌာနချုပ်ကနေပြီးတော့ iPhone 4s မထုတ်ခင်ကဘဲ တရုတ်အာဏာပိုင်တွေဟာ ဒီအတုတွေ ဘယ်လောက်များထုတ်လုပ်ပြီးသလဲဆိုတာကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။  ဖူကျိုးဒေသက စုံထောက်ကြီးကတော့ iPhone 5s အတု ၆၁လုံးကို အသစ် အသစ်သော နည်းပညာတွေနှင့် တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။  အဆိုပါ iPhone 5s မှာ Sim Card (ဖုန်းကဒ်) ၂ခု အသုံးပြုလို့ရတယ်လို့ ရှင်ဟွာ သတင်းဋ္ဌာနက ဒီသတင်းပတ် အစောပိုင်းမှာ အစီရင်ခံသွားပါတယ်။
          ဒီလိုဖုန်းတွေကို ရှန်ကျန်း တောင်ပိုင်းဒေသတွေကနေ ထုတ်လုပ်နေတယ်လို့ သုံးစွဲသူတွေက ဆိုပါတယ်။  ဒီအတွက် ဖူးကျိုး ကုန်စည်ကူးသန်းရောင်းဝယ်ရေး အစိုးရဋ္ဌာနကတော့ ဘာမှ မှတ်ချက်ပေးမသွားပါဘူး။
          Apple ကို အရူးအမူးစွဲလမ်းတဲ့ တရုတ်ပြည်မှာတော့ လူဦးရေ သန်း ၅၀၀လောက်ဟာ ပုံတူပွားထားတဲ့ iPhones နဲ့ iPad တွေကို အသုံးပြုနေကြပါသတဲ့။  ပြီးခဲတဲ့ ဇူလိုင်လတုန်းက အမေရိကန် ဘလော့ဂ်ဂါတစ်ယောက်က ကူမင်းတောင်ပိုင်းမှာရှိတဲ့ Apple အတုဆိုင်ကို တွေ့ရှိခဲ့ပါတယ်။  အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အရောင်းဝန်ထမ်းတွေကိုယ်တိုင်တောင် ဒီဆိုင်ဟာ အတုမှန်းမသိခဲ့ပါဘူးတဲ့။
          ခုများတော့ တရုတ် အိုင်ဖုန်း စွဲလမ်းသူတွေဟာ နောက်ဆုံးပေါ် Apple ထုတ်ပစ္စည်းတွေ သူတို့လက်ထဲရောက်ဖို့ တန်းစီပြီးစောင်နေကြပါသတဲ့။  Apple အနေနဲ့ကတော့ တရုတ်ပြည်တစ်ဝှမ်းလုံး တရားဝင် အရောင်းဆိုင် ၅ ဆိုင်ဘဲဖွင့်လှစ်ထားပါတယ်။  ရှန်ဟိုင်းမှာ ၃ဆိုင်နဲ့ ဘေဂျင်းမှာ ၂ ဆိုင်ပါ။  တစ်ခြားဆိုင်တွေကတော့ စမာကလာတွေ ဘဲဖြစ်ပါသတဲ့။
          သြော်… သွားလေသူကြီး မောင်မောင်ဂျော့ရေ…. ဟောဒီမှာ ဖြစ်ပျက်နေတာတွေကို တစ်ချက်လေး စောင်းငဲ့ကြည့်ပါဦးတော်……..  အမလေး အရပ်ကတို့ရဲ့…..

Source : (Link)

2 comments:

  1. အတုလုပ်တဲ့နေရာမှာ ပေါက်ဖော်ကြီးတို့ကို ဘယ်သူကမှ မမီပါ
    ဒါပေမဲ့ အတုလေးတောင် မကိုင်နိုင်သေးတာ ခက်တယ်း)

    ReplyDelete
  2. ကျွန်တော် အိုင်အုတ်ခဲကျိုး ထွင်ထားတယ်.... လေးထောင့်ပုံစံ ဒါပေမယ့် ရေထဲကို ပစ်ချလိုက်ရင် လှိုင်းက အ၀ိုင်းပုံလေးတွေဘဲ ဖြာဖြာထွက်လာမယ်....
    အိုင်အုတ်ခဲကျိုး ၃ ခုရှိရင် ထမင်း၊ဟင်းချက်ဖို့ ဖိုခနောင့်ဆိုင်လုပ်လို့ရတယ်။ ခွေးတွေ ကြောင်တွေကို လှမ်းပစ်လို့ရတယ်...... အံရောသော်... အံရောသော် နည်းပညာတွေ ပေါင်းစပ်ထားတာ... အိုင်နဲ့ ပတ်သတ်တာတွေ မကိုင်နိုင်ရင်တော့ အိုင်အုတ်ခဲကျိုး ၀ယ်ပြီး စမ်းသုံးကြည့်ပါလားဟင်.... :P

    ReplyDelete