စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, October 25, 2011

ဝိရောဓိ


ယဉ်ကျေးမှု့တွေ တိုးတိုက်ကုန်ကြတယ်….
ငပိရေနဲ့ တို့စရာ၊  မက်ဒေါနယ် နဲ့ ကေအဖ်စီ
၃ နှစ် ၃မိုးလေ့လာချစ်ကြိုက်မှု့
Living Together ယဉ်ကျေးမှု့…
ဂျိုးသိန်းဆေးလိပ် နဲ့ Marlboro
အရေခွံလဲချင်လား …….မိုက်ကယ်ဂျက်ဆင်လို….
အတွေးအခေါ်ကျတော့ အဟက် ဒုံရင်းက ဒုံရင်း

အရေခွံကို ကြည့်ယုံနဲ့တော့ အနှစ်သာရ က ရလာမှာလား
ဒီမို ဒီမို လူတိုင်း ဒီမို …. အားလုံးကဒီမို
ကြက်ဥကို အစရှာနေသလို ငါဟာပျောက်ဆုံးနေတယ်….
အသွေးတွေ အသားတွေကို ပြောင်းလဲမှု့တွေက
ရက်ရက်စက်စက် သောက်သုံး…
တစ်နေ့ ၈ နာရီ အလုပ်လုပ်ပေမယ့်…. ငါ ပရောဖက်ရှင်နယ်ဖြစ်ရဲ့လား
ရှက်တဲ့စိတ်က ဦးနှောက်ကို ခွာချနေတယ်…
မိတ်ကပ်တွေ လိမ်းပြီးတော့ လူတွေက ပြုံးပြနေတယ်


ညှီဟောက်ဟောက် အပြုံးတွေ.. အပြုအမူတွေ…
အရှက်ကင်းမဲ့တဲ့ လူ့စရိုက်တွေ….  မှန်ထဲမှာ ကိုယ့်ကိုကို မသတီလိုက်တာမှ
ကိုယ့်ကိုယ်ကို အမှိုက်ပုံးထဲ သွန်ပစ်လိုက်ချင်မိရဲ့….
Gucci၊ LV၊ BMW နာမည်တွေကို ကြည်ပြီး
လူတွေ သူတို့ စာရိတ္တကို မြေမြှပ်ပစ်နေကြလေရဲ့
တနေ့ထမင်း ၂ နပ်စားရင် ဗိုက်ဝပေမယ့် ကောင်းတာလေးကိုမှ စားချင်တာ
လူ့စရိုက်တဲ့လား
လင်ကွန်း၊ လီနင်၊ မော်စီတုန်း၊ ဟစ်တလာ ဘာရပ်တည်ချက်နဲ့ အသက်ရှင်သွားတာလဲ
ကမ္ဘာကြီးကတော့ လည်ပတ်ခဲ့၊ လည်ပတ်နေဆဲ….

သစ်ပင်ကိုကြည့်ရင် သစ်တောကို မမြင်မိဘူး
သစ်တောကို ကြည့်တော့ သစ်ပင်ကို မတွေ့ပြန်
ဒီလိုနဲ့ တောပြန်းကြီး ဖြစ်လာလိုက်တာ
စိုက်သူစိုက် ခုတ်သူကခုတ်
ဒီကြားထဲမှာ အလောင်းကောင်တွေက
လွင်ထီးခေါင်ထဲမှာ ပိုးလိုး ပက်လက်
ငှက်ဆိုးတွေကတော့ ပျော်လို့ မြူးလို့
အသွေးအသားတွေကို ပျော်ပျော်ပါးပါး
ဝိုင်းဖွဲ့ စားသောက်နေလေရဲ့။




6 comments:

  1. မိတ်ကပ်လိမ်းပြီးမပြုံးရင် မဒိုးကန်မာနကြီးတယ်ပြောမှာပေါ့လို့း)

    ဟုတ်ပဟုတ်ပ ကိုအားထောင်ရယ် မှန်လိုက်တဲ့တော်ကီတွေပါတော်
    တကယ်ပါ ..ဟတ်ထိတယ် ဟတ်ထိတယ်ဟေ့း)

    ReplyDelete
  2. jasmine ရဲ့ အပြုံးတွေ.. အပြုအမူတွေ
    အားလုံးဖြူဖြူ စင်စင်တွေနော်....ဟင်း မယုံဘူးလား
    လာကြည့်လှဲ့

    ReplyDelete
  3. နေပါမောင်ရဲ့၊ တောင်ကတောင်..တောကတောပဲ....ကိုယ်လိုက်မလုပ်နိုင်တာတော့ရင်နာပါရဲ့။ လက်ဖ၀ါးနဲ့ လက်ဖမိုး ကြိုက်တာရွေးနေတာ နင်ပါချင်လို့လား...။ သမိုင်းဆိုတာ သြဇာပေါ်မူတည်ပြီး တည်နေတာ...သံသရာအတွက်ပဲ ကောင်းအောင်လုပ်ပါမောင်။

    ReplyDelete
  4. ဒီမှာ Congratulation ထပ်လုပ်ပါတယ်နော် မဒမ်.... :) မိသားစု ၃ ယောက်စလုံး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုထပ်တောင်းပေးပါတယ် ခင်ဗျာ

    မဂျက် - ယုံပါတယ်ခင်ဗျာ ကော်ဖီတိုက်မယ်နော်... :P

    ကိုမင်းခိုင် - ခက်တယ်ဗျာ... အားလုံးကို စွဲလမ်းနေတယ်၊ ကိုယ့်ကိုကိုယ်လဲ စွဲလမ်းတယ် ကိုယ့်မိသားစု ရော ကိုယ်ပတ်ဝန်းကျင်ကိုရော စွဲလမ်းလွန်းလှတယ်။ သံသရာကောင်းဖို့တော့ လမ်းက သိပ်မမြင်လှဘူး... တယ်ခုံမင်လှတယ်ဗျို့... နမ်နဲ့ရုပ်ဆိုတာ ကျွန်တော့်အတွက် ပိုတော် အလှမ်းဝေးနေတယ် ခွာကြည့်ဖို့ ဘာကိုမုန်းရမှန်းကို မသိဘူးဖြစ်နေတာ၊ ဘာကိုမှ မမုန်းနိုင်တော့ ဆုံးနိုင်မယ် မထင်ပါဘူး အကိုရယ် အသစ် အသစ်ကို လိုချင်နေတော့ အပျက် အပျက်ဆိုတာ စိတ်ထဲ ရှိတယ်တောင်မထင် :(

    ReplyDelete
  5. ကိုမင်းခိုင်ရဲ့ 'သံသရာအတွက်ပဲ ကောင်းအောင်လုပ်ပါမောင်'
    ဒီစကားကို ကြိုက်တယ်ဗျာ...

    ReplyDelete
  6. မိုက်တယ် ဒီကဗျာလေး.. :D

    ReplyDelete