စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 31, 2011

နေ























နေ…ရယ်
မင်းကိုယုံလိုက်မိလို့
ငါ့ညတွေ
မှောင်အတိကျခဲ့ရတာ…

နေ.. ရယ်
မင်းဘ၀ကို မင်းပုံမှန်ဖြတ်သန်းနေပေမယ့်
ငါ့ယုံကြည်ချက်က
မဖြစ်နိုင်ခြင်းတွေကိုဘဲ
ထပ်ခါ ထပ်ခါ အသက်သွင်းနေတယ်


နေ…ရယ်
မျှော်လင့်ခွင့်ဆိုတာ…
ငါ့အတွက် အာရုဏ်ဦး
ဝေးကွာခြင်းဆိုတာ…
ငါ့အတွက် ဆည်းဆာချိန်…

နေရယ်…
ရူးမိုက်တယ်လို့ ဆိုချင်ဆို..
မင်းအတွက်နဲ့ ငါ “လ” ကို
အစားထိုး ဖြည့်စွက်ခံအဖြစ်
မရှာဖွေချင်ဘူး

နေ.. ရယ်
ငါ ဖြတ်သန်းနေတယ်
အထီးကျန်ခြင်းဆိုတဲ့ညတွေကို
အမှောင်ထု နံရံတွေဆီမှာ
မြှုပ်နှံရင်းနဲပေါ့..

နေ..ရယ်
ငါ လက်ပန်းကျနေပြီ.. နေ
မငိးနဲ့နီးဖို့ကမ္ဘာ့ အနောက်အရပ်ကို
လှော်ခတ်ရင်း
ငါ လက်ပန်းကျနေပြီ “နေ” 

နောက်ဆုံးတော့ ငါဟာ သူရူးတစ်ယောက်ပါ "နေ"


by AH [၁၈ မေ ၂၀၁၁။]

4 comments:

  1. နေ..ရယ်
    ငါ လက်ပန်းကျနေပြီ.. နေ
    မငိးနဲ့နီးဖို့ကမ္ဘာ့ အနောက်အရပ်ကို
    လှော်ခတ်ရင်း
    ငါ လက်ပန်းကျနေပြီ “နေ”


    လိုက် တယ် ah
    နာ ယူ တွား ပီ တိယား

    ReplyDelete
  2. အဲဒီလိုကဗျာလေးတွေရေးပါ
    တစ်ခါတစ်လေပေါ့နော်
    ကဗျာရေးတာတော်တယ်။

    ReplyDelete
  3. အရမ်းကောင်းတယ် ...ဗျာ ..

    ReplyDelete
  4. နေ…ရယ်
    မင်းကိုယုံလိုက်မိလို့
    ငါ့ညတွေ
    မှောင်အတိကျခဲ့ရတာ…
    ဟုတ်တယ်နော်.. နေကို ယုံလိုက်လို့ ညတွေ မှောင်တာပေါ့နော်..။

    ReplyDelete