စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, October 6, 2011

အမှတ်တရ Steve Jobs (1955-2011)


    
ကွန်ပျူတာလောက၊ အိုင်တီလောက  ရဲ့ ရှေ့ဆောင်လမ်းပြ Steve Jobs ဟာ အောက်တိုဘာ ၆ ရက်နေ့ကသူနှစ်ရှည်လများ ခံစားခဲ့ရတဲ့ ပန်ကရိယ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။  သူသေဆုံးသွားတဲ့နေ့မှာ ကမ္ဘာအရပ်ရပ်က လူတွေရဲ့ ၀မ်းနည်းကြောင်း စာလေးတွေကို ဖော်ပြရင်း i မျိုးဆက်ရဲ့ ဖခင်ကြီးကို ဂုဏ်ပြုလိုက်ပါတယ်။


"ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့လူအဖြစ် ဂူသွင်းမြှပ်တာဟာ ကျွန်တော့်အတွက် အရေးမပါဘူး ညအိပ်ယာဝင်တဲ့အခါ ကျွန်တော်တို့ အံသြစရာတစ်ခုခုကို လုပ်ပြီးပြီဆိုတာကိုပဲ ကျွန်တော့်အတွက် အရေးပါတယ်"
 "Being the richest man in the cemetery doesn't matter to me...
Going to bed at night saying we've done something wonderful... that's what matters to me."
Steve Jobs on The Wall Street Journal, 1993





အိုဘားမား ရဲ့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာမှ ကောက်နှုတ်ချက် 
စတိဗ်ဟာ အမေရိကန် တီထွင်သူတွေထဲမှာ အကြီးကျယ်ဆုံး၊ အထူးချွန်ဆုံး လူတစ်ယောက်ပါ။ တစ်မူကွဲပြားစွာ တွေးတောနိုင်ဖို့ သတ္တိရှိတယ်သူ၊ ကမ္ဘာကြီးကို ပြောင်းလည်းနိုင်တယ်လို့ စွဲစွဲမြဲမြဲယုံကြည်သူ၊ ဒီလိုအောင်မြင်နိုင်ဖို့ အစွမ်းအစရှိသူပါ။  သူဟာ ဟောဒီ ကမ္ဘာကြီးပေါ်မှာ အအောင်မြင်ဆုံး ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့သူဖြစ်ပြီး အမေရိကန် တီထွင်သူတွေအတွက်တော့ သူဟာ နမူနာ ပြယုဒ် တစ်ခုဘဲ ဖြစ်ပါတယ်။  တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေကို တည်ထွင်ခဲ့သူ၊ အင်တာနက်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ အိတ်ထဲရောက်အောင် ပြုလုပ်နိုင်ခဲ့တဲ့လူ၊ သတင်းအချက်အလက်တွေကို လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်အောင်သာမက အကြားအမြင်ဗဟုသုတတွေနဲ့ ပျော်ရွှင်စရာလေးတွေကို ပေါင်းစပ်ဖို့ ပုံစံအဟောင်းတွေကို တော်လှန် တီထွင်ခဲ့တဲလူတစ်ယောက်ပါ။  သူ့ရဲ့ ပင်ကိုယ်အစွမ်းအစ ပါရမီအကြောင်းကို ပုံပြင်လိုပြောရမယ်ဆိုရင် သန်းပေါင်းမြောက်များစွာသော ကလေးငယ်လေးတွေအားကျအတုယူပြီး သူ့လို ဖြစ်ချင်ကြမှာပါ။  သူ့နောက်ဆုံးအချိန်ရောက်တဲ့အထိ စတိဗ်ဟာ ဒီလိုပုံစံနဲ့ဘဲ နေသွားခဲ့တာကို တွေ့မြင်ရမှာပါ။  သူဟာ ကျွန်တော်တို့ရဲ့ လူနေမှု့အဆင့်အတန်းကို ပြောင်းလဲပေးခဲ့တယ်၊ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု့ ရေသောက်မြစ်တွေကို ပြောင်လဲသတ်မှတ်ပေးနိုင်ခဲ့တယ်၊ လူ့သမိုင်းတစ်လျှောက်မှာတော့ သူ့ရဲ့စွမ်းဆောင်မှု့ဟာ ရှာမှရှားပါ။  သူဟာ ကျွန်တော်တို့ကို  ကမ္ဘာကြီးနဲ့ပတ်သတ်ပြီး  အမြင်သစ်တွေရရှိအောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့သူပါ။
Steve was among the greatest of American innovators - brave enough to think differently, bold enough to believe he could change the world, and talented enough to do it. By building one of the planet’s most successful companies from his garage, he exemplified the spirit of American ingenuity. By making computers personal and putting the internet in our pockets, he made the information revolution not only accessible, but intuitive and fun. And by turning his talents to storytelling, he has brought joy to millions of children and grownups alike. Steve was fond of saying that he lived every day like it was his last. Because he did, he transformed our lives, redefined entire industries, and achieved one of the rarest feats in human history: he changed the way each of us sees the world.

ဘီလ်ဂိတ် 
စတိဗ် ဆုံးပါးသွားတဲ့ဟာ ကျွန်တော့်အတွက် တကယ့်ကို ရုတ်တရက် အသိတရားတစ်ခုရရှိလိုက်ပါတယ်။  စတိဗ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ နှင့် စတိဗ်နဲ့ အတူ အလုပ်လုပ်ဖူးခဲ့တဲ့ လူတွေအားလုံးကို ကျွန်တော်နဲ့  မန်ဒီနာ မှ တကယ့်ကို လေးလေးနက်နက် ၀မ်းနည်းကြောင်း ပြောလိုပါတယ်။  ကျွန်တော်နှင့် စတိဗ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကထည်းက တွေ့ခဲ့ကြတာပါ။  လုပ်ဖော်ကိုင်ဖက်အနေနဲ့ရော၊ ယှဉ်ပြိုင်ဖက်အနေနဲရော၊ သူငယ်ချင်းအနေနဲ့ပါ ကျွန်တော်တို့ရဲ့ ဘ၀သက်တမ်း ထက်ဝက်လောက် တွေ့ဆုံခဲ့ကြပါတယ်။  စတိဗ်လို စေ့စပ်သေချာတဲ့၊ ဗဟုသုတ အကြားအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ကို ဒီကမ္ဘာကြီးပေါ်မှာ မျိုးဆက်တွေ ထပ်မံမွေးဖွားလာသည့်တိုင်အောင် နောက်ထပ်တွေ့ဖို့ရာ အလွန်ခဲယဉ်းလှပါတယ်။  ကျွန်တော်တို့ စတိဗ်နှင့်အတူတွဲပြီး အလုပ်လုပ်ခွင့်ရတာဟာ အလွန်ကံကောင်းလှပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက်တော့ အရူးအမူးကို ဂုဏ်ယူစရာတစ်ခုပါ။  ကျွန်တော် စတိဗ်ကို အလွန့်အလွန်ကို သတိရနေမှာပါ။
I'm truly saddened to learn of Steve Jobs' death. Melinda and I extend our sincere condolences to his family and friends, and to everyone Steve has touched through his work. Steve and I first met nearly 30 years ago, and have been colleagues, competitors and friends over the course of more than half our lives. The world rarely sees someone who has had the profound impact Steve has had, the effects of which will be felt for many generations to come. For those of us lucky enough to get to work with him, it's been an insanely great honor. I will miss Steve immensely.

Walt Disney Company ရဲ့ အကြီးအကဲ Bob Iger 
          စတိဗ်ဂျော့ဘ် ဟာ ကျွန်တော်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သလို ယုံကြည်ရတဲ့ အကြံပေးတစ်ယောက်လည်းဖြစ်ပါတယ်။  သူ့ရဲ့ ရာဇ၀င်ကတော့ သူ့ရဲ့ တီထွင်ထုတ်လုပ်ခဲ့တဲ့ ပစ္စည်းတွေ၊ သူရဲ့ တည်ထောင်ခဲ့တဲ့ စီးပွားရေတွေထက်ပိုပြီး သမိုင်းတွင်ရစ်မှာပါ။  သူဟာ လူသန်းပေါင်းများစွာကို လှုံဆော်နိုင်ခဲ့ပါတယ်။  သူတို့တွေရဲ့ လူနေမှု့ကို ပြောင်းလဲခဲ့ပါတယ်။  သူတို့တွေရဲ့ ယဉ်ကျေးမှု့အသစ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။  စတိဗ်ဟာ သူ့ရဲ့ တီထွင်ဖန်တီးနိုင်တဲ့၊ စိတ်ကူးနိုင်တဲ့ သူ့ရဲ့ စိတ်နဲ့ ခေတ်တစ်ခေတ်ကို ဖန်တီးနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။  သူ ပြီးဆုံးသွားပြီဖြစ်သော်ငြားလည်း ကျွန်တော့်အတွက်ကတော့ သူခုမှ အစပြုနေတယ်လို့ပဲ ခံစားရပါတယ်။  ကျွန်တော်တို့ဟာ ကမ္ဘာ့အရှားပါးဆုံး လူတစ်ယောက်ကို ဆုံးရှုံးခဲ့ပါတယ်၊ Disney အတွက် မိသားစုဝင်တစ်ယောက်ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်အတွက်တော့ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆုံးရှုံးခဲ့ရပါတယ်။  ကျွန်တော်တို့ အတွေးအခေါ်တွေနှင့် ဆုတောင်မှု့တွေဟာ ဒီလို ခက်ခဲတဲ့ အချိန်တွေအတွက် သူ့ရဲ့ ဇနီး လောရန့်၊ သားသမီးတွေနှင့်အတူ ရှိနေမှာပါ။
Steve Jobs was a great friend as well as a trusted advisor. His legacy will extend far beyond the products he created or the businesses he built. It will be the millions of people he inspired, the lives he changed, and the culture he defined. Steve was such an "original," with a thoroughly creative, imaginative mind that defined an era. Despite all he accomplished, it feels like he was just getting started. With his passing the world has lost a rare original, Disney has lost a member of our family, and I have lost a great friend. Our thoughts and prayers are with his wife Laurene and his children during this difficult time.

Mark Zuckerberg ကတော့ သူရဲ့ Facebook စာမျက်နှာပေါ်မှာ 

စတိဗ်၊ ကျွန်တော်ရဲ့ အားကျလေးစားရတဲ့ လူတစ်ယောက်အဖြစ်ရော ၊ သူငယ်ချင်းဖြစ်ခွင့်ရတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။  သင်တည်ဆောက်ခဲ့တဲ့အရာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။  ကျွန်တော် သင့်ကို လွမ်းနေမှာပါ။

ဒါရိုက်တာ စတီဗင်စပီးဘက် 
စတိဗ်ဟာ သောမတ်အက်ဒီဆင်နောက်ပိုင်းမှာတော့ ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူတစ်ယောက်ပါ။  သူဟာ ကမ္ဘာကြီးတစ်ခုလုံးကို ကျွန်တော်တို့ လက်ချောင်း ကလေးတွေပေါ်ရောက်အောင် ယူဆောင်ပေးခဲ့တဲ့သူပါ
Steve Jobs was the greatest inventor since Thomas Edison. He put the world at our fingertips.



ကိုယ်ရေးအကျဉ်း 
Steven Paul Jobs (၁၉၅၅ ဖေဖော်ဝါရီ ၂၄ - ၂၀၁၁ အောက်တိုဘာ ၅) ဟာ အမေရိကန်နိုင်ငံသား ကွန်ပျူတာ လုပ်ငန်းရှင် နှင့် တီထွင်သူတစ်ဦးဖြစ်ပါတယ်။  သူဟာ Apple Inc. ကို ပူးတွဲတည်ထောင်သူ၊ အမှု့ဆောင်အဖွဲ့ဝင်နှင့် CEO (Chief Executive Officer) လည်း ဖြစ်ပါတယ်။  သူဟာ ဒီမတိုင်ခင်တုန်းက Pixar Animation Studios ရဲ့ CEO လည်း ဖြစ်ခဲ့ဖူးပါတယ်။  နောက်ပိုင်းမှာတော့ The Walt Disney Company ရဲ့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင်ဖြစ် ၂၀၀၆ ခုနှစ်မှာ ဖြစ်လာခဲ့ပါတယ်။  ဒါဟာ Disney က Pixar နဲ့ပူးပေါင်းတဲ့ အချိန်မှာပါ။  ၁၉၉၅ Toy Story ကာတွန်းကို ထုတ်လုပ်တုန်းက သူဟာ Executive Producer အဖြစ်ပါဝင်ခဲ့ပါတယ်။
  • ၁၉၇၀-  ကုန်ပိုင်းလောက်မှာ Steve Jobs ဟာ Steve Wozniak, MikeMarkkula နှင့် အခြားသော သူများနှင့်အတူ ပထမဆုံးသော တစ်ကိုယ်ရေသုံး ကွန်ပျူတာဖြစ်တဲ့ Apple II series ကို ဒီဇိုင်းပြုလုပ်ပြီး အောင်မြင်စွာ ဈေးကွက်ထဲကို ဖြန့်ချီနိုင်ခဲ့ပါတယ်။
  • ၁၉၈၀ - အစောပိုင်းကာလတွေမှာ ဂရပ်ဖစ်တွေ ဖန်တီးနိုင်တဲ့  Xeros PARC’s mouse ကိုတည်ထွင်
  • ၁၉၈၅ - Apple Inc. မှ နှုတ်ထွက် NeXT ကိုတည်ထောင်
  • ၁၉၈၆ - Lucasflim Ltd ကို ၀ယ်ယူ Pixar Animation Studios ကို တည်ထောင်၊ ၂၀၀၆ ခုနှစ်မှာ Walt Disney မှ Pixarကို ၀ယ်ယူခဲ့သောလည်း  Steve ဟာ Pixar ရဲ့ ရှယ်ယာ ၅၀.၁% ကို ပိုင်ဆိုင်။  ထို့ပြင် Walt Disney ရဲ့ တစ်ဦးချင်းရှယ်ယာ အများဆုံးပိုင်ဆိုင်သူဖြစ်ပြီး စုစုပေါင်း ၇%ကိုပိုင်ဆိုင်၊ Walt Disney ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်။
  • ၁၉၉၆ Apple မှ NeXT ကို ၀ယ်ယူ Apple တွင် CEO ရာထူးကို ပြန်လည် ရယူ (၁၉၉၇-၂၀၁၁)
  • ၂၀၁၁ သြဂုတ် ၂၄ - Apple CEO အဖြစ်မှ နှုတ်ထွက်
  • ၂၀၁၁ အောက်တိုဘာ ၅ - ကွယ်လွန် (အသက် ၅၆ နှစ်)

Soure : (WikipediaApple)


          

2 comments:

  1. သြော် လူတော်တစ်ယောက်တော့ သွားပြန်ပြီပေါ့ လေ

    ReplyDelete
  2. i လူကြီးတော့ သွားရှာပီပေါ့လေ.... :(

    ReplyDelete