စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 10, 2011

တရုတ်ပြည် အချမ်းသာဆုံးရွာကလေးရဲ့ ဟိုတယ်


          ပြီခဲ့တဲ့ အောက်တိုဘာ ၈ ရက် ၂၀၁၁ တုန်းက ဖွင့်လှစ်ခဲ့တဲ့ တရုတ်ပြည် ကျန်းစုပြည်နယ်က ဟွာရှီးရွာကလေးရဲ့ ဟိုတယ်အသစ်ပါ။  ဒီဟိုတယ်ကိုတည်ဆောက်စရိတ်စုစုပေါင်းဟာ တရုတ်ယွမ်ငွေ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၁ သန်း) ကုန်ကျပါတယ်။  ဒါကို တည်ဆောက်ဖို့ ရွာမှာရှိတဲ့ အိမ်ထောင်စုတစ်ခုစီကနေ တစ်ရုတ်ငွေ ၁၀ သန်း ခွဲဝေကုန်ကျခံပြီး တည်ဆောက်ခဲ့တာပါ။ 
          ဒီရွာသားတွေဟာ တစ်ယောက်ချင်းစီကိုပဲ ယူရိုငွေ ၁ သိန်းလောက် အနည်းဆုံး ချမ်းသာကြတယ်လို့အစိုးရအဖွဲအစည်းရဲ့ စာရင်းကဆိုပါတယ်။  ဒီရွာကလေးရဲ့ အထွေထွေ ကုမ္ပဏီဟာ စတော့ အိတ်ချိန်းမှာ စာရင်းဝင်ဖြစ်ပြီး လယ်သမားတွေဟာလည်း ဒါကြောင့် ချမ်းသာလာခဲ့ကြပါတယ်။  ဒီကုမ္ပဏီဟာ လေယဉ်တွေကိုလည်း ၀ယ်ယူထားပြီး သင်္ဘောတွေကိုလည်း ၀ယ်ယူဖို့ ရှိပါတယ်။  ဒီကုမ္ပဏီကို ပိုင်ဆိုင်သူတွေက ရွာသူရွာသားတွေဖြစ်ပြီး တစ်နှစ်တာ အမြတ်ငွေရဲ့ ငါးပုံတစ်ပုံကို ဝေစုပြန်ခွဲပေးလေ့ရှိပါတယ်တဲ့။  ဒီနှစ်မှာတော့ ဒီရွာလေးရဲ့ ကုမ္ပဏီဟာ ယူရို ၆.၅ ဘီလီယံအထိ ကြွယ်ဝချမ်းသာ ကြီးထွားလာဖို့ မျှော်လင့်ထားပါတယ်တဲ့။          ဒီလို ချမ်းသာဖို့ တစ်ခြားသောလုပ်ငန်းများဖြစ်တဲ့ ဆောက်လုပ်ရေး၊ ဆေးလိပ်ထုတ်လုပ်တဲ့ စက်ရုံ၊ စိုက်ပျိုးရေးနှင့် ခရီးသွားဝန်ဆောင်မှု့လုပ်ငန်းတွေကလည်း ၀င်ငွေတွေရရှိစေပါတယ်တဲ့။ အဲ့ဒီရွာလေးဟာ ရွာသားတွေကို ကား အခမဲ့ပေးပါတယ်။ နောက် ဥရောပအဆင့်မီ တည်ဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေလည်း အခမဲ့ ပေးပါတယ်တဲ့။  ခလေးတွေအတွက် ပေးရတဲ့ ကျူရှင်ခကလွဲလို့ ကျန်တဲ့ ပညာရေးစရိတ်က အခမဲ့ပါ ဒါ့အပြင် ပြည်ပနိုင်ငံတွေကို ခရီးထွက်ချင်ရင်လည်း အခမဲ့ ခရီးထွက်လို့ရပါတယ်တဲ့။

          ဒီရွာမှာ ရွာသာပေါင်း ၂၀၀၀ ကျော်နေထိုင်ကြပြီး၊  ရွှေပြောင်းနေထိုင်သူ ၂ သောင်းကျော်ရှိကာ အနီးအနားရွာတွေက ရွာသားပေါင်း ၃သောင်းလောက် လာရောက်နေထိုင်ကြပါသတဲ့။   

၃၂၈ မီတာမြင့်ပြီး အထပ်ပေါင်း ၇၄ထပ်ပါဝင်တဲ့ ရွာကလေးရဲ့ ဟိုတယ်

ဟိုတယ်ဖွင့်ပွဲကို တက်ရောက်ကြတယ် လူပေါင်း ၁၂၀၀

ရွာကလေးရဲ့ အိမ်များ

Source : (LinkWikipedia)
Photos : CFP

4 comments:

  1. မိုက်တယ်
    ရွာကလေးငယ်ငယ်နဲ့ ဒီလောက်ချမ်းသာတာ အံ့သြစရာနော်
    အားကျမိပါရဲ့
    ဟိုတယ်ကလည်း ရှယ်ဘဲ.. မြင့်လဲ မမြင့်စားဘဲ
    စကားမစပ်.. တရုတ်မှာရောက်နေတယ်လို့ သိရပါတယ်။
    တရုတ်မှာ blogger.com ကို ပိတ်ထားတာ
    အဲဒါ ပိုစ့်တွ ဘယ်လိုတင်ပါသလဲ .. ပြောပြနိုင်မလား။
    misschaw@hotmail.com

    ReplyDelete
  2. ကျွန်တော် Proxy Tunnel provider တွေကို သုံးပါတယ်ခင်ဗျာ။ အစကတော့ Free Software လေးတွေကို သုံးဖြစ်ပါတယ်။ နောက်ပိုင်းတော့်ကွန်နက်ရှင်မကောင်းတာရယ် စိတ်ချမှု့အရှိတာရယ်ကြောင့် ကျွန်တော် လစဉ်ပိုက်ဆံပေးရတဲ့ Service Provider တွေဆီကနေပြီးတော့ အကောင့်ဝယ်သုံးပါတယ်ခင်ဗျာ။ လောလောဆယ်သုံးနေတာကတော့ Surfbouncer လို့ခေါ်တဲ့ service provider ဆီကပါခင်ဗျာ။ ဒါက ကိုယ်စိတ်ကြိုက် နိုင်ငံကို ရွေးချယ်ပြီးတော့ သုံးလို့ရပါတယ်။ ကျွန်တော်ကတော့ အမေရိကန်ရယ်၊ ကနေဒါရယ်နိုင်ငံ ၂ ခုက IP address ကို အများဆုံး အသုံးပြုပါတယ်။ ဒီနိုင်ငံတွေက များသောအားဖြင့် ၀ဘ်အကုန်လုံးကို access လုပ်လို့ရလို့ပါ။ မချော အသေးစိတ်သိချင်ရင်တော့ surfbouncer ကို google ထဲမှာ ရိုက်ပြီးတော့ ရှာကြည့်ပါလို့ တိုက်တွန်းပါရစေ။ Master Credit၊ Visa Credit ဒါမှမဟုတ် Paypal account ရှိရင် လစဉ် ပေးပြီးသုံးလို့ရပါတယ်။ ကွန်နက်ရှင်ကလည်း super fast ပါ။

    ReplyDelete
  3. သွားနေရင်ကောင်းမလားစဉ်းစားမိတယ် ဟဲဟဲ လမ်းညွှန်လေးများရှိရင်မစပါး)

    ReplyDelete
  4. ကျွန်မက လွန်ခဲ့တဲ့ ၂ရက်ကဘဲ Proxy service ကနေ proxy ဝယ်လိုက်ပါတယ်။ ဖေ့ဘွတ် ယူကျူ ဂျီမေလ်း အားလုံး သုံးလို့အဆင်ပြေပါတယ်။
    သို့သော် အဓိကဖြစ်တဲ့ blogger.com အတွက် အဆင်မပြေဖြစ်နေတယ်
    ပုံတွေ တင်ရင် လုံးဝကို မပေါ်ပါဘူး။
    ပြီးတော့လည်း နဂိုက ပုံတွေ ရှိနေပြီးသားပိုစ့်အဟောင်းကို အထဲဝင်ပြီး edit လုပ်ပါတယ်။ လုပ်ပြီးတော့ Publish ပြန်လုပ်တဲ့အခါ ရှိနေတဲ့ ပုံတွေ မပေါ်တော့ပါဘူး ဒါပေမဲ့လည်း bloggerထဲက post ထဲမှာ edit နဲ့ ပြန်ကြည့်ရင်တော့ ရှိနေပြန်တယ်။ အဲဒီပြဿနာဖြစ်နေတော့ ကိုယ်တွေက blogger ထဲမှာ ပိုစ့်တင်ဖို့ အဓိက ဝယ်တာဆိုတော့ ပုံတွေ မပေါ်တော့ ပိုစ့်တင်ဖို့ အဆင်မပြေဘူးဖြစ်နေတယ်။
    ပိုစ့်တွေကို မေလ်းကနေဘဲ တင်နေရတယ်လေ။ သူငယ်ချင်းတစ်ယောက်က ပြင်ချင်တာ ဝင်ပြင်ပေးနေရတယ်။
    proxy ဝယ်ထားပြီး အဆင်မပြေဖြစ်နေရတယ် ။
    စောစောကသာသိရင် ကို AH ဝယ်တဲ့ဆီက ဝယ်ပါတယ်.

    ReplyDelete