စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, October 7, 2011

ကြောင်က သေနတ်နဲ့ ပစ်လိုက်လို့ ဆေးရုံရောက်သွားတဲ့ သခင်


          ဇာတ်လမ်းလေးကတော့ ဒီလိုပါ - ပြီးခဲ့တဲ့ စနေနေ့တုန်းက နယူးယောက်မှာရှိတဲ့ စပါတန်ဘက် ဒေသဆိုင်ရာ ဆေးခန်း(Spartanburg Regional Medical Center) ကို လူတယောက် ကသောသမျောနဲ့ ၀င်လာပြီးတော့ သူ့ဒူးခေါင်းကို ကြောင်က သေနတ်နဲ့ ပစ်သွားတယ်လို့ဆိုပါတယ်။  ညနေပိုင်း ၇နာရီခွဲ အချိန်လောက်မှာ အပစ်ခံရတယ်လို့ဆိုပြီး  သူ့ရဲ့ ဒူးက သေနတ်ဒဏ်ရာကို ကုသပေးဖို့ ပြောခဲ့တာပါ။  ဖြစ်ပုံကတော့ ကြောင်က .၃၂ ကယ်လီဘာ သေနတ်ပေါ်ကို ခုံတက်လိုက်တဲ့အချိန်မှာ သေနတ်က မောင်းပြုတ်သွားပြီး သူရဲ့ ဒူးကို နောက်ဖက်ကနေ အပစ်ခံရတယ်လို့ဆိုပါတယ်။ 
          “စုံစမ်းစစ်ဆေးသူတွေဟာ ထိုသူရဲ့ အိမ်ကို သွားရောက်စစ်ဆေးခဲ့ပြီးတော့ ရုန်းရင်ဆန်ခတ် ဖြစ်ပွားမှု့ မရှိခဲဘူးလို့ ဆိုပါတယ်။  ဒီအတွက် ဘာအမှု့မှ လည်းမဖွင့်ခဲပါဘူးတဲ့”
သူ့အရပ်နဲ့ သူ့ဇတ်ကတော့ ဟုတ်နေတာပါဘဲ။

Ref : (Link)

4 comments:

  1. အိမ်သသေနတ်ကိုလဲသေချာသိမ်းဖို့တော့လိုပြီ
    သရက်သီးသနပ်ပါ...

    ReplyDelete
  2. မမ Jasmine ပြောလို့ ဘာမှမပြောတော့ဘူး...:):)

    ReplyDelete
  3. ဟဟ ကြောင်က ဂန်းစတားcat ပေါ့...

    ကဲ..ပထမဆုံးအနေနဲ့ မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်ရှင်..

    ReplyDelete
  4. Jas & Angel > သရပ်သီးသနပ်ဆိုရင်တော့.. ကြောင်ဆီကိုရောက်လိုက်မယ်မထင်ဘူး... ဟီး ဟီး အရမ်းကြိုက်လို့


    ကျေးဇူးအများကြီးတင်ကြောင်းပါ မဂျယ်ရီပစ်ပစ် ခင်ဗျ :P

    ReplyDelete