စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, October 21, 2011

ရက်အနည်းငယ်အတွင်းမှာ အသက် ၅၀ စာအိုမင်းသွားတဲ့ ဗီယက်နမ်က အမျိုးသမီး


          ဗီယက်နမ်နိုင်ငံက ငုယင်သီပေါင် ဆိုတဲ့အမျိုးသမီးလေးဟာ ရက်အနည်းငယ်အတွင်းမှာဘဲ အသက် ၂၃ နှစ်အရွယ်ကနေ သက် ၇၃ နှစ်အရွယ်လောက်ထင်ရအောင်ကို အိုမင်းသွားခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူမဟာ ပင်လယ်စာ တွေကနေ အဆိပ်သင့်သွားလို့ ဖြစ်ပါသတဲ့။  ယခု အသက် ၂၆ နှစ်ရှိပြီးဖြစ်တဲ့ အဆိုပါမိန်းမငယ်လေးဟာ ၂၀၀၈ ခုနှစ်ထဲက ဒီလို ပင်လယ်စာ အဆိပ်သင့်လို့ သူမ အသားတွေဟာ ရှုံတွလာခဲ့တာကို သိရှိခဲ့ပေမယ့် ဆင်းရဲလွန်းလို့ ဆေးမကုနိုင်ခဲ့ပါဘူးတဲ့။  ဒီလထဲမှာတော့ ဗီယက်နမ်က ဆရာဝန်တွေက သူမရဲ့ ဆေးဖိုးဝါးခ မည်မျှလောက်ကျနိုင်သလဲဆိုတာကို တွက်ချက်ကြည့်မယ်လို့ ဆိုပါသတဲ့။
          သူမရဲ့ ခင်ပွန်းသည် လက်သမားဆရာလေး သန်းတူရန် ကတော့ သူတို့ဟာ အချစ်စစ်အချစ်မှန်နဲ့ ချစ်ကြတာဖြစ်ပြီး တစ်ချိန်က လှပခဲ့တဲ့ သူ့ရဲ့ ချစ်ဇနီးကို ဆက်လက် ချစ်မြဲချစ်နေဦးမယ်လို့ ဆိုပါသတဲ့။  သူမဟာ အပြင်ကို ထွက်ရင် အမြဲတမ်း မျက်နှာကို ဖုံးအုပ်ပြီး လူတကာရဲ့ အကြည့်တွေကို မခံရအောင် သွားလာရပါသတဲ့။  ဓာတ်ပုံလေးထဲမှာတွေ့ရမှာကတော့ သူမရဲ့ ၂၀၀၆ ခုနှစ် မင်္ဂလာဆောင်တုန်းက ပုံလေးပါ။  ငါးနှစ်အကြာမှာတော့ ခုလို အသက် ၇၃ နှစ်အရွယ်လို့ ထင်ရလောက်အောင်ကို အိုမင်းသွားခဲ့ပါတယ်။  သူမကတော့ သူမဟာ ဓာတ်မတဲ့တဲ့ရောဂါကို တစ်သက်လုံးခံစားသွားရမယ်လို့ ယုံကြည့်နေပါသတဲ့။  ၂၀၀၈ ခုနှစ်တုန်းက သူမဟာ ဒီ ပင်လယ်စာ ဓာတ်မတဲ့မှု့ ရောဂါကိုဆိုးရွားစွာခံစားခဲ့ရတယ်လို့ဆိုပါတယ်။  တစ်ကိုယ်လုံး အလွန်ယားယံခဲ့ရပြီး အိပ်ပျော်နေရင်းနဲ့တောင်မှ ယားလွန်းလို့ ကုတ်နေရတယ်လို့ ဆိုပါတယ်။ 
          သူမဟာ အဲ့ဒီအချိန်တုန်းက ဆေးရုံးကို သွားရမယ့်အစား နီစပ်ရာ ဆေးမြီးတိုလေးတွေနဲ့သာ ကုသခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ယောင်္ကျားဖြစ်သူဟာလည်း အလွန်မှ ဆင်းရဲလွန်းလို့ ဆေးရုံကို သွားပြီး ကုသဖို့ မတတ်နိုင်လို့ပါတဲ့။  မိန်းကလေးငယ် “ပေါင်” ရဲ့ အဆိုအရ  သူမဟာဒီဆေးတွေကို သောက်ပြီး တစ်လလောက်အကြာမှာ ယားယံတာတွေက သက်သာလာခဲ့ပေမယ့် အရေပြားပေါ်မှာ အဖုအပိန့်တွေ ကျန်ရစ်နေပါတယ်တဲ့။  ဒါနဲ့ပဲ သူမဟာ နောက်ထပ် ဆေးမြီးတို တစ်မျိုးကိုပြောင်းသုံးတဲ့အခါမှာတော့ ယားတာရော အဖုအပိန့်တွေပါ ပျောက်သွားပေမယ့် သူမရဲ့ အရေပြားတွေကတော့ ပါးရည်တွန့်လာပါတယ်တဲ့။

          သူမဟာ ဒီလို အလျှင်အမြန်အိုမင်းလာတာကို ပျောက်ကင်းအောင် နောက်ထပ် တိုင်းရင်းဆေး တစ်မျိုးထပ်မံသုံးစွဲပေမယ့် အရာမရောက်ခဲ့ပါဘူး။  ဆရာဝန်တွေအဆိုအရကတော့ ဒါဟာ တိုင်းရင်းဆေးတွေကို နှစ်ရှည်လများ သုံးစွဲလာတဲ့ အကျိုးရလဒ်တစ်ခုပါတဲ့။  အဲ့ဒီ ဆေးတွေထဲမှာ ပါဝင်တဲ့  စတီးရွိုက်တစ်မျိုးဖြစ်တဲ့ ကော်တီရွိုက်တွေဟာ မူမမှန် အသားအရည် တွန့်ခြင်းမျိုးကို ဖြစ်ပေါ်စေပါသတဲ့။  အဆိုပါ လင်မယားကတော့ သူတို့ ဘာဆေးတွေကို ဘယ်လောက်အထိ သောက်ခဲ့သလဲဆိုတာကို မမှတ်မိတော့ပါဘူးတဲ့။
          သူမကတော့ ၂၀၀၉ ခုနှစ်ပိုင်းကစပြီး ဆေးကုသခြင်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့။  ခုတော့ သူမဟာ ဘယ်သွားသွား မျက်နှာဖုံးနဲ့ အပြင်ကို ထွက်နေရပါတယ်။  သူမရဲ့ မျက်နှာ၊ ၀မ်းဗိုက်၊ ရင်ဘတ်တွေဟာ သူမ ကလေးမယူရသေးသည့်တိုင် ကလေးတွေ အများကြီးမွေးပြီးအိုမင်းသွားတဲ့ အမျိုးသမီးကြီးတွေလို အသားတွေတွဲကျသွား ပါတယ်တဲ့။  ဒါပေမယ့် ဒီလို အလျှင်အမြန်အိုမင်းတဲ့ ရောဂါဟာ သူမရဲ့ အမျိုးသမီး စက်ဝန်း၊ ဆံပင်၊ သွား၊ မျက်လုံး နဲ့ စိတ် အပေါ်မှာတောာ့ အကျိုးသက်ရောက်ခြင်းမရှိပါဘူးတဲ့။  ၂၀၁၀ မှာတော့ သူတို့ လင်မယားဟာ ဘင်ဖူး ဒေသရဲ့ ဘူဒေါ့ပ် ကို ပြောင်းရွှေ့ခဲ့ပြီး သစ်သားအိမ်ကလေးတစ်လုံးကို ငှားရမ်းနေထိုင်ကြပါသတဲ့။  အမျိုးသားဖြစ်သူ ကတော့ လက်သမား အဖြစ်ဆက်လက်လုပ်ကိုင်နေပြီး ဇနီးဖြစ်သူကတော့ သီဟိုဋ်စေ့ ထုတ်လုပ်ရေး စက်ရုံမှာ အလုပ်လုပ်နေ ပါတယ်တဲ့။  ဒါပေမယ့် သူတို့လင်မယားနှစ်ယောက်ပေါင်းရဲ့ ၀င်ငွေဟာ တစ်လကို အင်္ဂလန် ၉၅ ပေါင် မျှတောင် မပြည့်တာမို့ ဟိုချီမင်း ဆေးရုံကြီးမှာ ဆေးကုသခံဖို့ရာ မတတ်နိုင်ရှာကြပါဘူး။  အမျိုးသားဖြစ်သူ တူရန်ကတော့ သူဇနီးရဲ့ရောဂါဟာ သူတို့ ချစ်ခြင်းနဲ့ ဆက်ဆံရေးကို မည်သို့မှ ထိခိုက်ခြင်းမရှိပါဘူးလို့ ဆိုပါတယ်။  “ကျွန်တော်ဟာ ကျွန်တော့်ဇနီး ချောမောလှပစဉ်ကတည်းက လက်ထပ်ခဲ့တာပါ။  သူမ ရောဂါခံစားရစဉ်တစ်လျှောက်လုံး ကျွန်တော်အမြဲတမ်း အတူတကွရှိနေပြီး ကျွန်တော်အတွက်ဒါဟာ အထူးအဆန်းမဟုတ်ပါဘူးတဲ့”။  ကျွန်တော်ကတော့ သူမကို အရမ်းကို ချစ်နေတုန်းပါဘဲ လို့ ဆိုသွားပါတယ်။

          ယခုတော့ သူမကို အခမဲ့ ကုသပေးဖို့ ငုရင်ဒင်ချူး ဆေးရုံကြီးက ကမ်းလှမ်းနေပါပြီ။  တစ်ကယ်လို့ မအောင်မြင်ခဲ့ရင်လည်း ဟိုချီမင်း ဆေးရုံကြီးကို ပို့ပေးပါဦးမယ်တဲ့။  သူမရဲ့ ဓာတ်မတဲ့ သော ရောဂါကို အရင်ကုသပေးမှာဖြစ်ပြီး ဒါဟာ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ သူမကို ပုံမှန်အတိုင်း ပြန်လည်နုပျိုလာနိုင်စေဖို့ မျှော်လင့်ပါတယ်တဲ့။  ဒါပေမယ့် သူမမှာ ဒီရောဂါအပြင် အခြား ဘာရောဂါတွေပါ ခံစားနေရသလဲဆိုတာကို စစ်ဆေးဖို့ လိုအပ်ပါတယ်တဲ့။

Source : (Link)

4 comments:

  1. အင်း ဟိုတနေ့ကတောင် အိမ်မှာ ပြောနေကြတာ ပင်လယ်စာကို ရှောင်ပြီး စားရမယ်လို့ သူငယ်တစ်ယောက်ရဲ့ အမေဆို ချောင်းသာမှာ ပင်လယ်စာ စာပြီး ဆေးရုံတက်လိုက်ရလို့ စလုံးမှာ ပင်လယ်စာ ကောင်းကောင်း လိုက်ကျွေးတောင် မစားရဲရှာဘူး...

    ReplyDelete
  2. ကိုမောင်သန့် ကျွန်တော် စလုံးပြန်လာရင် ဆိုတောဝ် သုတ်ရယ်၊ ငါးလိပ်ကျောက်ကင်ရယ်၊ ခရုဟင်းရယ် နဲ့ ဘီယာသွားသောက်ရအောင်.... :)

    ReplyDelete
  3. မိဂျက်လဲပင်လယ်စာကြိုက်တယ်
    ထူးဆန်းလိုက်တာဟယ်
    ကြောက်တောင်လာပြီ.....
    AH ကကိုမောင်သန့်ကိုပြောတာလဲ စိတ်ဝင်စားတယ်

    ReplyDelete
  4. ဆန်းကျယ်ထူပြောလှတဲ့ လောကကြီးပါလားနော် အတိတ်ဘဝအဆက်ပဲ ထင်ပါတယ်။ ရုပ်ရူပါဒီလောက်တောင် ပြောင်းလဲသွားရတယ်လို့။ ပင်လယ်စာက မတည့်သူများတယ် တီတင့်အိမ်ဦးသခင်ကိုလည်း ရှောင်ခိုင်းရတော့မယ် သူလည်းမတည့်ဘူး။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete