စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, October 11, 2011

ကမ္ဘာ့ အသက်အငယ်ဆုံး CEO – Mr. Suhas Gopinath


          ယခု အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ စူဟက် ဂိုပီနသ် ဟာ Globals Inc လို့ခေါ်တဲ့ နိုင်ငံတစ်ကာ IT ကုမ္ပဏီကို စတင် တည်ထောင်သူ၊ CEO နဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ရဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်။  သူ့ကို အန္ဒိယနိုင်ငံ ဘန်ဂလော နယ်လေးက လူလတ်တန်းအလွှာက မွေးဖွားခဲ့တာပါ။  သူရဲ့ အဖေကတော့ ကာကွယ်ရေး သိပ္ပံပညာရှင်ဖြစ်ပါတယ်။  စူဟက်ဟာ အသက် အသက် ၁၄ နှစ်အရွယ်မှာ IT နဲ့ပါတ်သတ်တဲ့ ၀ဘ်ဆိုဒ်တစ်ခုကို စတင် တည်ထောင်ခဲ့ပြီး ဒါဟာ သူ့ကို ကမ္ဘာ့အသက်အငယ်ဆုံး CEO အဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။  သူတည်ထောင်တဲ့ ၀ဘ်ဆိုဒ်နာမည်ကတော့ coolhindustan.com ဖြစ်ပါတယ်။  ဒါဟာ သူ့ကို ကမ္ဘာ့အငယ်ဆုံး အသိအမှတ်ပြု Professional Webdeveloper အဖြစ်ကို ရောက်ရှိစေခဲ့ပါတယ်။ 
          ၂၀၀၀ ခုနှစ်မှာ အမေရိကန် ကာလီဖိုးနီးယားပြည်နယ်ရဲ့ ဆန်ဂျို့စ် မှာ Globals Inc. လို့ခေါ်တဲ့ အိုင်တီ ကုမ္ပဏီတစ်ခုကို ထပ်မံတည်ထောင်ခဲ့ပါတယ်။  ဘာဖြစ်လို့လည်းဆိုတော့ အန္ဒိယနိုင်ငံရဲ့ ဥပဒေအရ သူဟာ အသက်ငယ်သေးလို့ တည်ထောင်ခွင့်မပြုခဲ့လို့ပါ။  အဲ့ဒီကနေပြီးတော့ Globals Inc ဟာ တစ်ဟုတ်ထိုးကြီးထွားလာလိုက်တာ အခုဆိုရင် နိုင်ငံတစ်ကာ အိုင်တီ အတိုင်ပင်ခံ ကုမ္ပဏီအဖြစ် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ကိုယ်စားပြုဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

     စူဟက်ဟာ အသက် ၁၆နှစ်အရွယ်မှာ ကနေဒါနိုင်ငံ CNBC နဲ့ e-business ရဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အကျိုးဆောင်လုပ်ငန်းရှင်အဖြစ် အသိအမှတ်ပြုခံရပါတယ်။  အသက် ၁၇နှစ်အရွယ်မှာတော့ ကမ္ဘာ့နာမည်ကြီး မီဒီယာတွေဖြစ်တဲ့ BBC, Washington Times, The Age စသည် စသည်တို့အပါအ၀င် လင်မ်ကာ မှတ်တမ်းစာအုပ်(Limca Book of Records) တို့ရဲ့ ကမ္ဘာ့အငယ်ဆုံး CEO အဖြစ် အသိအမှတ်ပြုခံရပါတယ်။ ဒါ့အပြင် သူဟာ အန္ဒိယနိုင်ငံရဲ့ B-Schools တွေမှာ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံရသလို IIT Bombay Entrepreneurship Cells ရဲ့ အကြံပေး ဘုတ်အဖွဲ့ဝင်အဖြစ်လည်း ခန့်အပ်ခြင်းခံရပါတယ်။
          ၂၀၀၅ ခုနှစ်မှာတော့ ပြည်နယ်အစိုးရအဖွဲ့ဖြစ်တဲ့ ကာနက်တာက ပြည်နယ်အစိုးရရဲ့ အသက်အငယ်ဆုံး “Rajyotsava” ချီးမြင့်ခြင်း ခံရပါတယ်။  သူဟာ PeTA ရဲ့ သံအမတ်ဖြစ်သလို ပါကစ်စတန်နိုင်ငံ School of Leadership ကဖွဲစည်းတဲ့ Indo-Pak Leadership Program ရဲ့ သံအမတ်ငယ်အဖြစ်လည်း တာဝန်ယူပါသေးတယ်။
          ဒီဇင်ဘာ ၂၀၀၇မှာတော့ ဥရောပ ပါလီမန်(European Parliament) နဲ့ နိုင်ငံတစ်ကာ လူ့အရည်အသွေး အဖွဲအစည်း (International Association of Human Values) တို့ ပူးတွဲချီမြှင့်တဲ့ “လူငယ် အောင်မြင်မှု့ ဆု (Young Achiever Award) ကို ချီးမြှင့်ခြင်းခံရပါတယ်။  ဒါ့အငြင် သူ့ကို ဥရောပ ပါလီမန်ကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရသလို ဥရောပ ပါလီမန်ရဲ့ စီပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဖိတ်ကြားခြင်းခံရပါတယ်။
          ၂၀၀၈ ခုနှစ်မှာတော့ သူရဲ့ ကိုယ်ရေးအထုပ္ပတ္တိကို ဟောလီဝုဒ် မင်းသား George Clooney, ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Robert Zoellick, နယူးယောက်မြို့တော်ဝန် David Paterson နှင့် အခြားသော ထူးချွန်ထင်ရှားတဲ့ လူတွေနှင့်အတူ ထုတ်ဝေခဲ့ပါတယ်။  သူဟာ ကမ္ဘာ့ဘဏ် ရဲ့ ICT မှာ အကြံပေး ဘုတ်အဖွဲ့ဝင်ဖြစ်ပါတယ်။  ၂၀၀၉ မှာတော့ ဟားဗက်တက္ကသိုလ်ရဲ့ ဟားဗက် ကနေဒီကျောင်းကနေပြီးတော့ Global Leadership ဒီပလိုမာ ရရှိခဲ့ပါတယ်။  အဲ့ဒီနှစ်မှာဘဲ ဗီယင်နာမြို့မှာကျင်းပတဲ့ Incredible Europe ညီလာခံမှာ “Make a Difference Award” ဆုကို ရရှိခဲ့ပါတယ်။
          ဆူဟက်ဟာ ၂၀၀၈-၂၀၀၉ ခုနှစ်ရဲ့ “Young Global Leader” အဖြစ် ကမ္ဘာ့စီးပွားရေ ဖိုရပ်ရဲ့ သတ်မှတ်ခြင်းကို ခံရပါတယ်။

အောက်ကလင့် ကလေးမှာတော့ သူရဲ့ အင်တာဗျူး အစီအစဉ်လေးကို ရှု့စားနိုင်ပါတယ် 2009 ခုနှစ်လောက်မှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ချမ်းသာနေပြီတဲ့။

ဒါကလည်း နောက်ထပ် အင်တာဗျူးတစ်ခုပါ


Source : (Wikipedia, YouTube, Link)


3 comments:

  1. အားကျတယ်နော်

    ReplyDelete
  2. တကယ်ချီးကျူးဖို့ကောင်းပါတယ်

    ReplyDelete
  3. လေးစားအားကျမိပါရဲ့ ။

    ReplyDelete