စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, October 6, 2011

ချီလီက နွားသိုး ကယ်ဆယ်မှု့


          ချီလီနိုင်ငံကတော့ အရင်တစ်ခေါက် မိုင်းတွင်းပြိုကတုံးက လူ ၃၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့လို့ ကမ္ဘာကျော်ခဲ့ပါတယ်။  အခုတစ်ခါကတော့ မိုင်းတွင်းပြိုကျတာမဟုတ်ပါဘူး။  နွားသိုးကြီးတစ်ကောင်ကို ရေမြောင်းထဲကနေ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတာပါ။
          စတော်ဘယ်ရီ လို့ ခေါ်တဲ့ နွားသိုးဟာ စန်တီယာဂို မြို့ ဆင်ခြေဖုံးရှိ ရေဆိုးထုတ်တဲ့တူးမြောင်း အဖုံးပွင့်နေတဲ့ အထဲကို ပြုတ်ကျသွားခဲ့ပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့တုန်းက ဒီနွားကြီးကို ကယ်တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြောင်းရဲ့ ကွန်ကရစ် အဖုံးကို ဖယ်ရှား၊ ပြီးတော့မှ ၀န်ချီစက်တွေနဲ့ ဒီနွားသိုးကြီးကို မထုတ်ခဲ့ရပါတယ်။ 

          ၂ ရက်ကြာ ပိတ်မိခဲ့တဲ့ ဒီနွားသိုးကြီးဟာ ပွန်ပဲ့ ထိခိုက်မှု့ အနည်းငယ်ကလွဲလို့ ပြောပလောက်အောင် ဒဏ်ရာမရခဲ့ဘူးလို့ သူ့သခင်ဆိုပါတယ်။  “ကျွန်တော် ဒီကောင်ကြီးကို ခြံထဲ ပြန်ထည့်ပြီး အခြေအနေစောင့်ကြည့်ပါဦးမယ်။  အားလုံး အိုကေတယ်ဆိုရင်တော့ စားကျက်ထဲ ပြန်လွှတ်မှာပါ” လို့ ထပ်လောင်းပြောကြားသွားပါတယ်။
          အောက်က လင့် လေးကတော့ နွားသိုးကြီးကို ကယ်ဆယ်နေတဲ့ YouTube ဗီဒီယိုလေးပါ။
          

1 comment:

  1. နွားသိုးကယ်တဲ့ပုံလေးကိုကြည့်ခဲ့ပါတယ်
    နွားကိုတောင်သေသေချာချာကယ်ကြတယ်နော်...
    ခင်တဲ့ jasmine

    ReplyDelete