စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 12, 2011

ဝယ်ကြဦးမလား ကနေဒါထုတ် ရွှေဒင်္ဂါးများ

The Queen's Diamond Jubilee (2012)

               ဒီနှစ်အတွက် အသစ်ထွက်ရှိလာတဲ့ ရွှေဒင်္ဂါးပြားဖြစ်ပါတယ်။  ရွှေဒင်္ဂါးဟာ ရွှေအစစ် ၉၉.၉၉၉% ပါဝင်ပါတယ်။  တစ်ကမ္ဘာလုံးအတွက် ရွှေဒင်္ဂါး ၁၅၀၀ပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။  မျက်နှာပြင် ၂ ဘက်ပါရှိပါတယ်။  ဒင်္ဂါးပေါ်မှာ ၀.၁၁ မှ ၀.၁၄ ကာရက်အတွင်းရှိတဲ့ စိန်တစ်လုံးကို မြှုပ်နှံထားပါတယ်။
                ဒီရွှေဒင်္ဂါးကိုတော့ ဘုရင်မကြီးရဲ့ စိန်ရတု အထိန်းအမှတ် ပါရှိတဲ့ လှပတဲ့ သစ်သား သတ္တာလေးနဲ့ ထည့်ပေးထားမှာ ဖြစ်ပါတယ်။  ဒီရွှေဒင်္ဂါးဟာ အင်္ဂလန်နိုင်ငံ အယ်လိစဘက် ၂ ဘုရင်မကြီးရဲ့ အသက် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတာဖြစ်ပြီး ဒင်္ဂါးမှာတော့ အယ်လိစဘက် ဘုရင်မ နုပျိုစဉ်က ပုံကို ဖော်ပြထားပါတယ်။  ဒါကို ဒီဇိုင်နာ လော်ရီ မက်ဂေါက ဒီဇိုင်းရေးဆွဲပေးတာပါ။  ဒီ ဒင်္ဂါးကို ကနေဒါ ဒေါ်လာ ၂၀၀၀ လောက်နဲ့ မှာယူလို့ရပြီ ဖြစ်ပါတယ်။


Specification
အရည်အတွက် : ကမ္ဘာတစ်ဝှမ်းသို့ ဒင်္ဂါး ၁၅၀၀ သာဖြန့်ချီမည်
ပါဝင်မှု့          : ရွှေစစ်စစ် ၉၉.၉၉၉%
အချောသတ်မှု့ : ပရုဖ် စင်းလုံးချော
အလေးချိန်      : ၂၂ ဂရမ်
အချင်း            : ၂၅ မီလီမီတာ
အနားသပ်       : လွှသွားအထစ်ကလေးများဖြင့် အနားသပ်ထားသည်
အသိအမှတ်ပြုလက်မှတ် : နံပတ်စဉ်ဖြင့် မှတ်တမ်းတင်ထားသည်
ဖော်ပြတန်ဖိုး    : ကနေဒီယန် ၃၀၀ ဒေါ်လာ
ဖန်တီးသူ         : Laurie McGaw (reverse), Susanna Blunt (Obverse)

အသေးစိတ်သိလိုရင်တော့ ဟောဒီ Link မှာ သွားရောက်ဝယ်ယူနိုင်ပါတယ် ခင်ဗျာ။

Link : (Link)


5 comments:

  1. သီတင်းကျွတ်အမှတ်တရအနေနဲ့ ဘလော့ဂါမမတွေကိုလက်ဆောင်ပေးပါလား
    ကုသိုလ်ရတာပေါ့နော်..

    ReplyDelete
  2. ကျွန်တော် စင်ကာပူ Pool ရော၊ တရုတ်က ငါးသန်းတန် ထီလက်မှတ်ရောဝယ်ဖို့ စီစဉ်နေပါတယ် ခင်ဗျ။ အဲ့ဒီဝယ်မယ့် ထီလက်မှတ်တွေကများ ဆုကြီးများချိတ်လို့ကတော့ ဘလော့ဂါ မမတွေ အကုန်လုံးကို ရွှေဒင်္ဂါး တစ်ယောက်တစ်ခုစီ ပေးဦးမှာ :)

    ReplyDelete
  3. ကိုယ့်ပိုက်ဆံနဲ့ဆိုရင်တော့ ဝယ်ချင်ဘူး
    လက်ဆောင်ပေးရင်တော့ သိမ်းထားချင်ပါရဲ့း)
    ဘုရင်မကြီးပုံက ကျက်သရေရှိတယ်နော်
    ဘူးဒီဇိုင်းကလည်း ချစ်စဖွယ်ကောင်းတယ်

    ReplyDelete
  4. ငါမန့်ထားတာဘယ်ရောက်သွားပါလိမ့်ဟမ်း(

    ReplyDelete
  5. တစ်ကူးတစ်က လာရောက်လည်ပတ်တဲ့ မချောကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။

    မဒမ်... တားတား ဘာရှိုဘာမှ မလုတ်ပါဘူးခင်ဗျာ... ယောင်ပြီတော့လည်း မဖျက်ပါဘူး ခင်ည :P

    ReplyDelete