စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, October 4, 2011

ချစ်ခဲ့သည်... ချစ်နေသည်… ချစ်ဦးမည်


















မိုးတွေရွာနေတုန်း မင်းကိုတွေ့ခဲ့တာပေါ့…
ဆန့်ကျင်ဘက်လိင်၊ ပျော်ရွှင်မှု့
ဒါတွေကို ဖယ်လိုက်လည်း မင်းကိုငါ ချစ်ခဲ့တယ်…
မင်းကို ဖန်ဆင်းခဲ့တယ်ဆိုရင် ဖန်ဆင်းရှင်ကို  ငါ ကျေးဇူးတင်တယ်….
ဒါဝင်သီအိုရီအရဆိုရင် မင်းရဲ့ ဘိုးဘေး မျောက်တွေကို ကျေးဇူးတင်တယ်….
ငါ့ကို ချစ်ခဲတဲ့ အတွက်လည်း ငါမင်းကို ကျေးဇူးတင်တယ်……

မိုးတွေရွာနေတုန်း မင်းင့ါကို စိတ်ဆိုးတယ်…..
ငါ့ခွေးနဲ့ မင်း၊ ငါဘယ်သူ့ကို ပိုချစ်လည်းမေးတယ်……
ဒီမှာ…. မင်းကိုငါ ပရိုမိုရှင်းပေးမှာ မဟုတ်သလို Renovation လည်း လုပ်မှာမဟုတ်ဘူး
ခါချဉ်ကိုက်ရုံနဲ့တော့ သေနုထိုရ်ကို လွှတ်ပြီး
မင်း ဆဒ္ဒန် ဇာတ်သစ်မခင်းပါနှင့်
မင်းဟာ “မဟာ” မဟုတ်သလို “စူဋ္ဌ”လည်းမဟုတ်ဘူး
မင်းဟာငါ့ရဲ့ Masterpiece၊ အော်ရီဂျင်နယ် ဖယောင်းချက်
မင်းကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်…

မိုးတွေရွာနေတုန်း မင်းငါ့ ပခုံးပေါ် ပါးအပ်ပြီးငိုနေတယ်…
ဘုရားသခင်က ဖန်ဆင်းတယ်ဆိုရင် ငါ ဖန်ဆင်းရှင်ကို အပြစ်တင်တယ်….
မင်းရဲ့ ဘိုးဘေးမျောက်တွေကိုလည်း ငါ အပြစ်တင်တယ်……
မင်းကို ငိုတတ်အောင် ဘာလို့ ဖန်ဆင်းတာလည်း၊  ဘာလို့ သင်ပေးတာတုန်း
မင်းမှာ ငါရှိတယ်၊  ငါ့မှာ မင်းရှိတယ်
ဒါဟာ ထင်တာထက် အတန်ငယ်ပိုပိုသာသာ ပြည့်စုံသည်။
ထိုထက်ပြည့်စုံအောင် ငါ ဖြည့်စွမ်းမည်။
ဒီမှာ အချစ် မျက်ရည်သုတ်ပြီးတော့သာ ငါ့ကို ပြုံးပြစမ်းပါ…..
ဒါဆိုအားလုံး ပြည့်စုံသွားပြီ။
မိုးတွေကတော့ ရွာကောင်းတုန်း………….

by A.H (၄၊အောက်တိုဘာ၊ ၂၀၁၁။ ၁၄:၂၀)

7 comments:

  1. ကဗျာလိုလိုစာလိုလို
    ကဗျာမဟုတ်စာမဟုတ်
    အဟုတ်ကောင်းတာဤစာစု.....
    ခင်တဲ့ jasmine

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် Jas.... :)

    ReplyDelete
  3. ကောင်းတယ်ဂျ.... ဒီလိုလေးတွေလည်း ရေးဦး... :D

    ReplyDelete
  4. ဘကြီးထွဋ်October 5, 2011 at 1:24 AM

    ကောင်းတယ်အေ.....ဒါဝင် လည်းပါတယ်။။မျောက်လည်းပါတယ်။။ဆင်လဲပါတယ်။မုဆိုးလည်းပါတယ်အေ..

    ဘဘတို့ဒါမျိုးမှ သဘောကျတာကွ.. ဆက်ရေးကွ နာ့တူရ..ဟိ

    ReplyDelete
  5. ထဝရစိတ်ကြည်နူးစွာနဲ့ချစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. သို့ ဘကြီးထွဋ် ခွေးလည်း ပါသဗျ..... မှ တူမောင်ထွဋ်

    အန်တီတင့် ပေးတဲ့ ဆုနဲ့ ပြည်ရပါလို၏ ခင်ဗျာ

    ခင်မင်စွာဖြင့်
    AH

    ReplyDelete
  7. အရမ်းမိုက်တဲ့ ရစ်သမ်လေး တစ်ခုလိုပါလားဗျာ

    ကြိုက်မိတယ်ဗျာ

    ဘယ်လိုလေးမှန်းမသိဘူးဗျ..ဖတ်လိုက်ရတော့ လေ

    အားပေးလျက်

    ReplyDelete