စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, October 4, 2011

Utopia - အနာဂတ်ရဲ့ ကျွန်းငယ်လေး


          ပုံမှန် သင်္ဘောတွေနှင့်မတူ တစ်မူထူးခြားတဲ့ ဟောဒီ ဒီဇိုင်းကို မိုနာကို လှေပြပွဲမှာ တင်ဆက်သွားပါတယ်။  ဒီဟာလေးကို ဂျိမ်း(စ်)ဘွန်း ဇတ်ကားထဲကနေ စိတ်ကူးရပြီးတော့ ဗြိတိန်ကုမ္မဏီတွေဖြစ်တဲ့ “Yatch Island Design” နှင့် “BMT Nigel Gee” တို့က ပူးပေါင်း ဖော်ဆောင်ခဲ့တာဖြစ်တယ်။  ခုလောလောဆယ်တော့ Concept Design Stage အဆင့်မှာဘဲရှိသေးပြီး ဒီအဆောက်အဦးရဲ့ အချင်းကတော့ ၃၂၈ ပေ (၁၀၀မီတာ)ရှိပါတယ်။  ဒါဟာ အပျော်စီး သင်္ဘောတွေရဲ့ ထုထည်နဲ့ တူညီပါတယ်။
          BMT Nigel Gee ရဲ့ Yatch Design Director ဂျိမ်စ်ရွိုင်းရဲ့ အဆိုအရတော့ “Utopa ဆိုတာက ခရီးသွားဖို့အတွက်မဟုတ်ပါဘူး။  ဒါဟာ ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။  ဒီလို ကျွန်းငယ်လေးကို ဖန်တီးချင်သူတွေ အတွက်ပေါ့”
          ဒီအဆောက်အဦးမှာတော့ အထပ်ပေါင်း ၁၁ ထပ်ပါရှိမှာဖြစ်ပြီး ၄င်းတို့ရဲ့အပေါ်မှာ အနားယူဖို့ နေရာ၊ ရေကူးကန် စတာတွေ နှင့် ခေါက်သိမ်းနိုင်တဲ့ အမိုး ပါရှိမှာ ဖြစ်ပါတယ်။  အများသုံးနေရာတွေမှာတော့ ရှောပင်းမောတွေ၊ ရုပ်ရှင်ရုံတွေ နဲ့ စားသောက်ဆိုင်တွေ ပါရှိမှာဖြစ်ပြီး ပျော်ဖြေရေးအတွက်ကတော့ ဘားတွေ၊ နိုက်ကလပ်တွေနဲ့ ကာစီနို စတာတွေ ထားရှိမှာ ဖြစ်ပါတယ်။  ဒီအဆောက်အဦးရဲ့ အမြင့်ဆုံး( ကုန်းပတ်ကနေ ၂၁၃ မီတာ )အမြင့်မှာတော့ အဆောက်အဦးရဲ့ ပတ်ပတ်လည် ၃၆၀ ဒီဂရီကို ကြည့်ရှု့နိုင်မယ့် မျှော်စင်လည်း ပါရှိမှာ ဖြစ်ပါသတဲ့။
          Utopa ကို လာဖို့အတွက်ဆိုရင် ရဟတ်ယဉ် ဒါမှမဟုတ် လှေနှင့် လာရမှာ ဖြစ်ပါတယ်။  ဒီ ဒီဇိုင်းမှာ ရဟတ်ယဉ် ဆင်းသက်ဖို့ တစ်ခုထက်ပိုတဲ့ နေရာတွေ ပါဝင်မှာဖြစ်ပြီး လှေများ ကပ်ဖို့အတွက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
          ဒီ အဆောက်အဦးမှာ ခြေထောက်လေးချောင်း ပါဝင်မှာဖြစ်ပြီး ၄င်းခြေထောက်တွေမှာတော့ Azimuthing Thruster (360 ဒီဂရီသော အရပ်မျက်နှာတွေကို လှည့်ပေးနိုင်သောလို့ ပန်ကာလို့ အကြမ်းဖျင်း ယူဆကြပါ)  တွေကို တပ်ဆင်ထားမှာပါ။  ဒါကတော့ ပင်လယ်ရဲ့ ကြမ်းတမ်းလှတဲ့ ရာသီဥတုမှာလည်း ဒီအဆောက်အဦးရဲ့ တည်နေရာကို မရွှေ့လျှားစေရန် ရည်ရွယ်ပါတယ်။  အဆောက်အဦးရဲ့ အလည်ကတော့ သင်္ဘောများ ကပ်ရန်နဲ့ ကြိုးချည်ဖို့အတွက်ပါ။  ဘေးက ခြေထောက်လေးခုမှာတော့ ခေါက်သိမ်းနိုင်တဲ့ တံခါးတွေ ပါဝင်မှာဖြစ်ပြီး ဒါဟာ ရေကူးဖို့နဲ့ ရေထဲမှာ ကစားနိုင်ရန် စီမံထားပါတယ်။

Link : (Source)

2 comments:

  1. ထူးဆန်းတာတွေတီထွင်ပြီး ထူးဆန်းတာတွေချည်း သူတို့ပဲဖြစ်နေကြတား(

    ReplyDelete
  2. ဟုတ်ပ ဒါလေးများ တို့အင်းလေးကို လာကြည့် တစ်လုံးမဟုတ်ဘူး....... ရွာတန်းလိုက် ရေပေါ်မှာ အိမ်ဆောက်နေကြတာ.... ကြာကြာလှပြီ။

    ReplyDelete