စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, October 2, 2011

မြစ်ဆုံရေကာတာကိစ္စ တရုတ်မှ ဆွေးနွေးရန် ခေါ်


          ပြီးခဲတဲ့ စနေနေ့က မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်သူတို့၏အများဆန္ဒအပေါ်မူတည်ပြီး လက်ရှိ တရုပ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ပူးတွဲ ဖော်ဆောင်နေသော  မြစ်ဆုံရေအားလျှပ်စီမံကိန်းအား မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဟု လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့ခြင်းအတွက် တရုတ်ပြည်မှ ပြောဆိုဆွေးနွေးရန် ခေါ်ယူသည်ဟု Routers သတင်းဋ္ဌာနမှ ဖော်ပြပါရှိပါတယ်။
          တရုတ် နိုင်ငံခြားရေးဝန်ကြီး အဆိုအရ “သက်ဆိုင်ရာ တိုင်းနိုင်ငံများဟာ တရုတ် ကုမ္ပဏီတွေရဲ့ တရားဝင် နှင့် တရားဝင်ခြင်းနှင့်ဆိုင်ရာ အခွင့်အရေးတွေ အာမခံချက်ထားသင့်တယ်” လို့ဆိုသွားပါတယ်။
          “မြစ်ဆုံရေကာတာဟာ တရုတ်နှင့် မြန်မာ ပူးပေါင်းဖော်ဆောင်တဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးမှ ထဲထဲဝင်ဝင် လေ့လာသုံးသပ်ပြီးတော့မှ လုပ်ခဲ့တာဖြစ်တယ်” လို့ တရုတ်အစိုးရပိုင် ၀ဘ်ဆိုဒ် တစ်ခုဖြစ်သော (www.mfa.gov.cn) မှ ပြောရေးဆိုခွင့်ရ ဟုန်လိုင်း ဆိုသူကပြောဆိုသွားပါတယ်။
          “ဒီအရေးနှင့် ပတ်သတ်ပြီးတော့ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေကို သေသေချာချာ နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်ပြားစေဘဲ ညှိနှိုင်းသင်တယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 
          ဒီဆည်ကြီးဆောက်ပြီးသွားရင် မြန်မာနိုင်ငံမြောက်ပိုင်းတစ်ချို့ဒေသတွေဟာ “စင်ကာပူကျွန်း” တစ်ခုစာပမဏ လောက်ရေလွှမ်းခံရမှာဖြစ်ပါတယ်။ ဒါဟာ ၇၆၆ စတုရန်း မီတာ (၂၉၆ စတုရန်းမိုင်) မျှ ကျယ်ဝန်းပါတယ်။  ၉၀ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံမှ ရယူမှာဖြစ်ပါတယ်။
အသေးစိတ်ဖတ်ချင်ရင်တော့ အောက်ကညွှန်ထားတဲ့ လင့်ကိုသာ သွားဖတ်ကြပါခင်ဗျာ… အများအားဖြင့် က သိပြီးသားတွေ ဖြစ်လို့ အချို့နေရာတွေ ချန်လှပ်ထားခဲ့ပါတယ်။


Source : (Link)

ဟောဒါကတော့ (VOA) မြန်မာသတင်းလေးပါ။

2 comments:

  1. ဘယ်လောက်မိုက်ရိုင်းလိုက်တဲ့ ခွေးတွေလဲ ကြည့်စမ်း။ စော်ကားလိုက်တာ။

    ReplyDelete
  2. ကျေးဇူးပဲ မြစ်ဆုံအကြောင်းနဲ့ပတ်သက်တဲ့ သတင်းတွေ ပြန်ရှာဖတ်ဖြစ်နေတာနဲ့ အဆင်သင့်ဖြစ်သွားတယ်...

    ReplyDelete