စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, October 6, 2011

ဒူဘိုင်းက ကမ္ဘာ့ အမြင့်ဆုံး စားသောက်ဆိုင်


          At.mosphere စားသောက်ဆိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ကမ္ဘာ့အမြင့်ဆုံး စားသောက်ဆိုင်အဖြစ် ဂင်းနစ်မှတ်တမ်းဝင် အမှတ်တရ တံဆိပ်ကို လက်ခံရရှိခဲ့ပါတယ်။  ဒီစားသောက်ဆိုင်ဟာ ဒူဘိုင်းနိုင်ငံရဲ့ အမြင့်ဆုံး Burj Khalifa (ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး) ရဲ့ ၁၂၂ ထပ်မှာ ရှိတာပါ။  မြေပြင်ကနေဆိုရင်တော့ ၄၄၂ မီတာ အမြင့်မှာ ရှိပါတယ်။
          ဒီစားသောက်ဆိုင်မှာ စားသောက်ရင် အာရဘီယံ ပင်လယ်ကွေ့ရဲ့ အလှအပတွေကို အပေါ်စီးက မြင်တွေ့ခံစားနိုင်မှာပါ။


ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး -   Burj Khalifa

စားသောက်ဆိုင်ရဲ့ ကြော်ငြာ ဆိုင်းဘုတ်

ဆိုင်အတွင်း က အခင်းအကျင်း

စားသောက်ဆိုင်မှ မြင်ရသည့် မြင်ကွင်း




Source : (Link)
Photos : Google Images

3 comments:

  1. အိမ်ကလူကိုမေးလိုက်အုန်းမယ်ဘယ်တော့လိုက်ပို့မယ်မသိသေးဘူး
    လိုက်ချင်လား...သွားရင်ခေါ်မယ်နော်...

    ReplyDelete
  2. ဒူဘိုင်းရဲ့ ဗဟုသုတလေးကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်။
    ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးက ဒူဘိုင်းမှာရှိတာကိုး။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. သွားချင်လားဆိုတော့ သွားချင်ပါတယ် ခင်ဗျာ... ဒါပေမယ့်ပေါ့လေ.... အင်း ဒါပေမယ့်ပေါ့ .... မသွားတော့ပါဘူး မJasmine :(

    လာလည်တဲ့ အန်တီတင့်ကို ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ... :)

    ReplyDelete