စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, October 1, 2011

ကင်း



ကင်းဆိုတာ ကင်းမလက်မဲ မဟုတ်ဘူး
စပိတ်နဲ့ကင်းတဲ့ “ကင်း”
ဗီလိန်ဖြစ်ဖူးသလို သူရဲကောင်းလည်းဖြစ်ခဲ့ဖူးတယ်
အော်တိုရန်းနဲ့ နှစ်ဆ “ဒေါင်း” တော့ ကျုပ်က နောက်ဆုံးတက်ခဲ့တာ…..
ဟောလီးဝုဒ်မှာ တစ်ဘက်လူ သွေးထွက်အောင် ကင်းနှစ်ကောင်ညှပ်ပြီး “ဥ” ခဲ့တာက ကျုပ်
အပယ်ချင်းယှဉ်ရင်တောင် ကျုပ်ကြောင့် စားခဲ့ရတဲ့ “ရှိုး”
တစ် နဲ့ကိုး ပြီးမှ ကျုပ်တက်ခဲ့ရတာကိုများ ဗီလိန်လို့ သမုတ်သတဲ့လား
ခင်ဗျားတို့ ကိုးခံနဲ့ ကျုပ်ကို ပွတ်ပြီး ပေါက်ခဲ့တဲ့ “ရှမ်း”ပွဲကိုကျတော့ ဘာပြောဦးမလဲ…
ငါးချပ်ဝိုင်းမှာ ကျုပ်ကြောင့် “ဘူ” ခဲ့ရတာ ခင်ဗျားတို့…
ဝမ်းနည်းတာတစ်ခုဘဲရှိတယ်….
ဟိုကောင် “တစ်” နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတဲ့
ဖိုးသိုးဖတ်သတ် ဘုရင်မ
၂၁ ဆိုတဲ့ တစ်ချိန်တုန်းကပေါ့

by AH (၁၊ အောက်တိုဘာ၊ ၂၀၁၁။ ၁၅:၄၂)

2 comments:

  1. ဖဲ အကြောင်းသိပ်မသိတဲ့ သူတောင် သိလာသလိုလိုပဲ :P:P
    ခံစားအားပေးလျှက်ပါလို့ ....

    ReplyDelete
  2. လာလည်တဲ့ မအိန်ဂျယ်ကို အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ....

    ReplyDelete