စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 3, 2011

အစိုးရက ဒုံးပျံလွှတ်၊ လယ်သမားက လေပေါ်ပျံ


          ပြီးခဲ့တဲ့ ကြာသာပတေးနေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ National Day ခါတော်မီ ထျန်းကုန်း - ၁ (တရုတ်လို အဓိပ္ပာယ်ကတော့ ကောင်းကင်ဘုံက နန်းတော် လို့ အဓိပ္ပာယ်ထွက်ပါတယ်) အာကာသကို လွှတ်တင်ပါတယ်။  ဒီဟာကြီးကို တစ်ရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ Jiuquan Satellite Launch Centre (JSLC) ကနေ လွှတ်တင်ခဲ့တာပါ။  ဒါကြီးကို လွှတ်တင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ၂ ခုကတော့ ကမ္ဘာပတ် အာကသစခန်းအဖြစ် စမ်းသပ်လိုတာရယ်၊ နောက်တစ်ခုကတော့ အာကာသဆိုင်ရာ စူးစမ်းလေ့လာ ဖို့ဖြစ်ပါသတဲ့။ 
ဒါကတော့ ထျန်းကုန်း -၁ အလုပ်လုပ်မယ့် အစီအစဉ်လေးပါ

ဟောဒါကတော့ ထျန်းကုန်း -၁ ကို သွားပြီးတော့ တွဲစပ်မယ့် ရှန်းကျိုး ၉၊ ၁၀၊ ၁၁ တို့ရဲ့ စီမံကိန်းပါ

          အဲ့သလိုဘဲ ဒီဟာကြီးမှာလည်း အစိတ်အပိုင်း ၂ ခုပါပါတယ်။  တစ်ခုက စမ်းသပ်မှု့များ ပြုလုပ်နိုင်ရန် အကန့်တစ်ခု နှင့် နောက်တစ်ခု အရင်းအမြစ်ဆိုင်ရာ အကန့်တစ်ခုဆိုပြီး ၂ခုပါ။  စမ်းသပ်မှု့များဆိုင်ရာ အကန့်မှာတော့ လူနေခန်း ၃ ခန်းပါပါတဲ့။  ဒါဟာ နောက်ပိုင်း လူတွေနေနိုင်ဖို့ ရည်ရွယ်ပါတယ်တဲ့။

          ဒါဟာ စမ်းသပ်မှု့တစ်ခုသာဖြစ်ပြီး သူ့ပတ်လမ်းမှာ ၂နှစ်ကြာလည်ပတ်နေဖို့ မျှော်လင့်ပါတယ်တဲ့။  တစ်ကယ်လို့သာ အောင်မြင်ခဲ့ရင်တော့ တရုတ်နိုင်ငံဟာ လူတွေနေလို့ရတဲ့ အာသက စခန်းကို ၂၀၂၀ မှာအမှန်တကယ် တည်ဆောက်တော့မှာပါ။
          ဒါပေမယ့် ပြောစရာလေးတစ်ခုက အဲ့ဒီ ဒုံးပျံလွှတ်တင်နေတဲ့အချိန်မှာ ဖွင့်ထားတဲ့ သီချင်းက “America The Beautiful” ကို CCTV သတင်းဋ္ဌာနက လွှင့်သွားတာပါ။  မှားတာလား၊ သီချင်းအဓိပ္ပာယ်ကို မသိဘဲ နားထောင်လို့ကောင်းလို့ လွှင်တာလား၊ ငေါ့တာလား ဘာလားတော့မသိဘူး။ ဒီသီချင်းအကြောင်းလေး ကြည့်ချင်ရင်တော့ ဟော့ဒီ လင့်ကို နှိပ်ကြည့်ပါ။  ကဲထားပါတော့လေ အသေးစိတ်သိချင်ရင် အောက်ဆုံးရောက်တော့မှ Link ကို နှိပ်ပြီးတော့ ဖတ်ကြပါတော့။


နောက်ထပ် သတင်းလေးက ဒုံးပျံကြီးနှင့်အပြိုင် လေပေါ်ပျံတဲ့ လယ်သမားအကြောင်းပါ။  သူ့နာမည်က ရှုမန်ရှန်းပါ အသက် ၄၆နှစ်ရှိပါပြီတဲ့။    အောက်တိုဘာလမှာတုန်းက သူရဲ့ လေပေါ်ပျံနိုင်တဲ့ ဟာကြီးကို ထွင်နိုင်လို့ Octobercoper (အောက်တိုဘာ ကော်ပတာ) လို့ နာမည်အပေးခံထားရပါတယ်။  ဒီဘဲဟာ လေပေါ်ပျံဖို့ကို အလွန်ဘဲ အားသန်ခဲ့လို့ အရင်တုန်းကလည်း ဂျက်လေယာဉ် ၂ စီးထွင်ခဲ့ဖူးပါ သတဲ့။  ဒါပေမယ့် ၂ စီးလုံး မပျံနိုင်ဘဲ အဟောသိကံ ဖြစ်ခဲဖူးပါတယ်။  ဒါပေမယ့် အားမလျှော့ပါဘူးတဲ့ အခု အောက်တိုဘာ ကော်ပတာဆိုတဲ့ ဟာကြီးကို အမေရိကန် ဒေါ်လာ ၅၀၀၀ လောက် အကုန်ခံပြီးတော့ တီထွင်နိုင်ခဲ့ပါပြီတဲ့။  ဒီဟာကြီး ပထမဆုံး စက္ကန့် ၃၀ကြာ လေပေါ်မှာ ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပျံတဲ့ဟာကြီးကို ၁၈ မီတာ အချင်းရှိတဲ့ အ၀ိုင်းပေါ်မှာ ဆိုင်ကယ်အင်ဂျင် ၈ လုံးတင်ပြီး ပန်ကာ ဒလက်တွေတပ်ဆင်ထားပါတယ်။  ကဲ့ အောက်က YouTube မှာတော့ ဒီ အောက်တိုဘာ ကော်ပတာကြီး စမ်းသပ်နေပုံကိုမြင်တွေ့ရမှာပါ။ 

Link : 12 & Youtube

2 comments:

  1. အဲလောက်ပိုက်ဆံ အကုန်ခံပြီး ၂ လက္မ လောက်ပျံနိုင်တာ မဆိုးဘူး (ပြောင်တာ မဟုတ်ပါ.. လေးစားပါတယ် တီထွင်မှုကို) :D

    ReplyDelete
  2. အင်း ဒါပေမယ့် လူပါ ပန်ကာတွေထဲ ပြုတ်ကျသွားလို့ကတော့ မတွေးဝံစရာကြီး.. :P

    ReplyDelete