စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Monday, October 17, 2011
အယုဒ္ဓယသွားပြီး မိကျောင်းဖမ်းကြမလား
   ထိုင်းနိုင်ငံ အယုဒ္ဓယမှာတော့ မိကျောင်းမွေးမြူရေးကန်တွေကနေ မိကျောင်း အကောင် ၁၀၀ ရောက်လွတ်သွားလို့ အရှင်တစ်ကောင်ဖမ်းပေးနိုင်ရင် ဘတ် ၁၀၀၀ နဲ့ လဲပေးနေပါပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီး ကပြောကြားသွားပါတယ်။  “လူတွေ အန္တရာယ်မရှိအောင် ဒီမိကျောင်းတွေကို ဖမ်းပြီး ထိန်းသိမ်းဖို့လိုနေပါတယ်လို့” ကျန်းမာရေးဝန်ကြီး ပစ်တရား ဘောရန်နာစီရီ AFP ကိုပြောကြားသွားပါတယ်။
          ရာစုနှစ်ရဲ့ အကြီးမားဆုံး ရေကြီးမှု့ကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်ရာ အယုဒ္ဓယမြို့အနီအနားမှာ ဒီမိကျောင်းတွေ လွတ်နေတာပါ။  ဒါအပြင် ဒီရေကြီးမှု့ကြောင့် အိုးအိမ်တွေ၊ စီးပွားရေးအဆောက်အဦးတွေ၊ စက်ရုံအလုပ်ရုံတွေ ရေလွှမ်းမိုးမှု့ခံနေရပြီး လူထောင်ပေါင်းများစွာလည်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။  လူ ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပြီး ဒီအထဲမှာ သဘာဝ တိရိစ္ဆာန်ရိုင်းတွေကြောင့် ဘယ်နှစ်ယောက်သေကျေခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။
          သဘာဝအရင်းမြစ်ဆိုင်ရာ ၀န်ကြီးကတော့ ဒီတိရိစ္ဆာန်တွေနဲ့ ပတ်သတ်လို့ သတင်းပေးနိုင်မယ့် အရေးပေါ်တယ်လီဖုန်းလိုင်းတစ်ခုကို ဆက်သွယ်ပေးထားပါတယ်တဲ့။  “အခု ကျွန်တော်တို့ဟာ ရေလုပ်ငန်း ၀န်ကြီးဋ္ဌာနနဲ့ ပူးပေါင်းပြီး လွတ်နေတဲ့ ကျားတွေ၊ မြွေတွေ နဲ့ မိကျောင်းတွေ ကို ထိန်းသိမ်းဖို့ အပူတပြင်းဆောင်ရွက်နေပါတယ်လို့” ထိုဒေသမှ များစွာသော တယ်လီဖုန်း ဆက်သွယ်မေးမြန်းမှုတွေအပြီးမှာ ပြောကြားသွားပါတယ်။
Source : (Link)
4 comments:
  1. စိုးရိမ်စရာပါပဲ...ကြောက်စရာနော်...:)
    ReplyDelete
  2. အခန်းတံခါး သေချာ ပိတ်ထား၇တယ်...... တော်ကြာ ကျားတွေ မြွေတွေ မိကျောင်းတွေ တံခါး လာခေါက်နေမှ ဒုက်ခလေ..... နော။
    (ဘန်ကောက်မှ ကြောင်ဖြူများရှင်)
    ReplyDelete
  3. ဟဟ ကြင်ဖြူများရှောင်ကကြောက်လို့တဲ့း)
    ဒိုးကန်တော့စဉ်းစားတယ် ကိုရင့်ကိုစီးပွားဖြစ်သွားဖမ်းခိုင်းရင်ကောင်းမလားလို့ ဟဲဟဲ
    ReplyDelete
  4. သာကေတမှာ အရင်ဖမ်းရမှာ
    http://www.news-eleven.com/index.php?option=com_content&view=article&id=10455:2011-10-09-09-46-18&catid=43:2009-11-10-07-39-09&Itemid=111
    http://www.news-eleven.com/index.php?option=com_content&view=article&id=10523:2011-10-15-06-29-20&catid=43:2009-11-10-07-39-09&Itemid=111
    ReplyDelete