စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, November 7, 2011

တောင်ကိုရီးယားမှာ ထိပ်ပြောင်ကြီးလို့ ခေါ်သူများကို ဒဏ်ရိုက်

                  မစ္စတာကင် လို့ခေါ်တဲ့ တောင်ကိုးရီးယားနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ကလေး ဘူတန်မှာ နေတဲ့ လူကတော့ လွန်ခဲ့တဲနှစ်က တစ်ခြားလူတစ်ယောက်ကို "ကိုထပ်ပြောင်" လို့ခေါ်ခဲ့လို့ ဒဏ်ရိုက်ခံရပါသတဲ့။  စုံစမ်းစစ်ဆေးသူများက ကင်ဟာ အဲ့ဒီလို တစ်ခြားလူတစ်ယောက်ကို "ကိုထိပ်ပြောင်" လို့ခေါ်ခဲ့တဲ့အတွက် ဒဏ်ငွေ တောင်ကိုရီးယားဝမ် ၃ သိန်း (၂၆၅ ဒေါ်လာ) ဒဏ်ရိုက်ခဲ့ပါသတဲ့။
                  တောင်ကိုရီးယား တရားစီရင်ရေး လွှတ်တော်က ဒီလိုမျိုး တစ်ခြားသူကို ထိခိုက်နစ်နာစေမယ့် အခေါ်အဝေါ်မျိုးကို မသုံးနှုံးဖို့ တရားဝင်ပိတ်ပင်ထားပါသတဲ့။  " ဒီ "ထိပ်ပြောင်ကြီး" ဆိုတဲ့ အသုံးအနှုံးဟာ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ထိုးနှက်တာဖြစ်ပါတယ်။  ဒါဟာ လူမှု့ဆက်ဆံရေးကိုရော၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုရော ထိခိုက် ကျဆင်းစေပါတယ်" လို့ တရားရုံးက ပြောသွားပါတယ်။  

                  တောင်ကိုရီးယား နိုင်ငံမှာ တော့ ဒီလို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတဲ့ အသုံးအနှုန်းမျိုး ပြောဆိုခြင်းဟာ ပြစ်မှု့မြောက်ပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၀မ်ငွေ ၁၅ သန်းအထိ ဒဏ်ရိုက်နိုင်ပါသတဲ့။  
                  ကဲ.... ကျုပ်တို့တွေလဲ တောင်ကိုရီးယားသွားရင် "ထိပ်ပြောင်ကြီး" လို့ မခေါ်မိအောင် သတိထားကြဖို့တော့ လိုလိမ့်မယ်နော်.....

Source : (Link)

8 comments:

  1. တစ်ကြောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပေါ့ မောင်အောင်ထွဋ်ရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဥပဒေရဲ့ ရည်ရွယ်ချက်လေးကကောင်းတယ်နော်။ ဗဟုသုတရလို့ ကျေးဇူးပါခင်ဗျာ။

    ReplyDelete
  3. အု... ပါးစပ်ကို ပိတ်ထားပြီးမှ ကိုးရီးယားသွားမယ်..
    ဖက်တီးတို့ ထိပ်ပြောင်တို့၊ ပိန်တာရိုးတို့ အဲလိုမခေါ်မိအောင် သတိထားမှ...
    စကားမစပ် အပေါ်က ထိပ်ပြောင်ပုံကို ဘလော့ရဲ့ ဆိုဒ်ဘားမှာတုန်းက မြင်ရတာ အာလူသီးမှတ်လို့
    ဒီရောက်မှ ထိပ်ပြောင်မှန်းသိရတော့တယ်
    အဲလေ.. သူများကို ထိပ်ပြောင်လို့ မခေါ်ပါဘူးဆိုမှ ခေါ်မိသွားပြီ.. :(

    ReplyDelete
  4. ဥပဒေလေးက ကောင်းလိုက်တာ

    ReplyDelete
  5. တန်တော့ ဒီပိုစ့်ရေးသူလဲ ထိပ်ပြောင်သူဖြစ်ရမယ်။

    ReplyDelete
  6. ဗဟုသုတပါပဲဗျာ။ စည်းမရှိကမ်းမရှိသူတွေ ဆင်ခြင်စရာပါပဲ။

    ReplyDelete
  7. အဲဒီလိုဥပဒေ များများထားတာကောင်းတယ်
    သူများအားနဲချက်ကို မပြောင်ရဲတော့ဘူး
    ခင်တဲ့ မမဂျက်

    ReplyDelete
  8. ထူးထူးဆန်းဆန်းဥပဒေပဲ...ဗဟုသုတရလို့ကျေးဇူးပါလို့...

    ReplyDelete