စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, October 8, 2011

အသက် ၂၉ နှစ်မှာ ပထမဆုံး နားကြားရတဲ့ အမျိုးသမီး

         ဒီဗီဒီယိုလေးဟာ အခုဆိုရင် YouTube မှာကြည့်ရှု့သူ ၆သန်းကျော်သွားပြီဖြစ်ပါတယ်။  တကယ့်ကို စိတ်နှလုံးကို စွဲငင်ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ဗီဒီယိုလေးပါ။  ဒီဗီဒီယိုလေးထဲမှာ ပထမဆုံး နားပြန်ကြားရတဲ့ အမျိုးသမီးလေးရဲ့ ပထမဆုံး နာပြန်ကြားရတဲ့အချိန်ကို သူမရဲ့ အမျိုးသားက  ရိုက်ထားတာလေးပါ။ ဒီအမျိုးသမီးလေးရဲ့ အမည်က ဆာရာ ချာမန် လို့ခေါ်တဲ့ ကလေးနှစ်ယောက်မိခင်ဖြစ်ပါတယ်။ 


အောက်က ဗီဒီယိုလေးကတော့ msnbc သတင်းဋ္ဌာနနှင့် ဆာရာ၊ သူ့ခင်ပွန်း နှင့်အတူ သူမကိုခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာ နန်စီ ဆနီဒါးမန်း တို့ကို တွေ့ဆုံဆွေးနွေးထားတဲ့ ဆွေးနွေးခန်းလေးပါ။  ဒီခွဲစိတ်မှု့အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ သောင်းလောက် ကုန်ကျပါတယ်။  ဒီပိုက်ဆံတွေကို ဆာရာတို့မိသားစုဟာ စုငွေလေးနဲ့ရော ချေးငွေတွေနဲ့ပါ ပေါင်းပြီးတော့ ခွဲစိတ်ကုသခံခဲ့တာပါ။  အခုတော့ ဒီလို ငွေကုန်ခံပြီး ခွဲစိတ်ကုသမှု့ရဲ့ ရလဒ်ကို ဆာရာတို့ ခံစားရပြီဖြစ်ပါတယ်။

          ခွဲစိတ်ဆရာဝန် ဒေါက်တာ နန်စီရဲ့ ပြောကြားချက်ကတော့ ဆာရာဟာ နားမကြားရပေမယ့် သူ့မှာ နားကြားနိုင်စွမ်းရှိတဲ့ အခြေအနေတွေရှိခဲ့ပါတယ်။  ဒီလိုနားကြားဖို့အတွက် နားအလည်မှာ ရှိနေတဲ့ အရိုးနုလေးရဲ့ တုန်ခါမှု့ကြိမ်နှုန်းကို ပရိုဆက်ဆာဆီကို ပို့ပေးပြီး ထိုမှတစ်ဆင့် ဦးနှောက်ရဲ့ နာဗ်ကြောနဲ့ ချိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ နားကြားနိုင်စွမ်းရှိလာတယ်လို့ဆိုပါတယ်။  မည်သို့ပင်ဖြစ်စေ ခေတ်သစ် ဆေးပညာရဲ့တိုးတက်လာမှု့တွေကြောင့် လူသားတွေ အကျိုးကျေးဇူးများစွာ ခံစားရပါတယ်။

Source : (msnbcYouTube)

5 comments:

  1. ထူးထူးဆန်းဆန်းလေးဖတ်ရလို့ကျေးဇူးနော်

    ReplyDelete
  2. တစ်သက်လုံးနားမကြားသူအဖြစ် နေထိုင်လာခဲ့ရပြီးမှ နားပြန်ကောင်းသွားရင် ဘယ်လောက်များ ပျော်ရွှင်မလဲမသိဘူးနော်
    တိုးတက်လာတဲ့ နည်းပညာတွေရဲ့ ကျေးဇူးပါဘဲ
    ကမ္ဘာမြေကြီးရဲ့ ကောင်းကျိုးနဲ့ လူသားတွေအကျိုးကို နည်းပညာအသစ်တွေနဲ့ သယ်ပိုးနိုင်တာ ဝမ်းမြောက်စရာပါ။

    ReplyDelete
  3. သူ့မိသားစုဝင်နဲ့ထပ်တူ ဝမ်းသာကြည်နူးဖြစ်မိပါတယ်..
    နားမကြားသူအဖြစ်ကနေ..သူများပြောတဲ့စကားကိုကိုယ်တိုင်
    နားနဲ့ဆက်ဆက်ကြားလိုက်ရတဲ့အခါ..ဘယ်လောက်များ
    ပျော်သွားမလဲနော်...

    ReplyDelete
  4. ကျွန်တော် အံသြတာက သူနားမကြားခဲ့တာက ၂၉ နှစ် တိုင်တိုင်နားမကြားခဲ့တာ။ အဲ့ဒီအချိန်အတွင်းမှာ သူပြောတဲ့ အင်္ဂလိပ်စကားကို မှန်မှန်းမမှန်မှန်း သူဘယ်လိုသိတယ် မပြောတတ်ဘူး။ သူနားလည်းကြားရော ပြောသွားတဲ့ အင်္ဂလိပ်စကားက ပီပီသသကြီး ခင်ဗျ

    ReplyDelete
  5. ဆာရာရဲ့ အတိတ်ဝဋ်ကြွေးကုန်သွားတယ်လို့ ယူဆမိပါတယ်။
    အတိတ်ကံကြောင့် မွေးရာပါ ဆွံ့အနားမကြားသူတွေရဲ့ ဘဝလေးတွေ ရင်နာစရာကောင်းတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete