စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, September 27, 2011

သိုးတစ်ကောင်ကို အင်္ဂလန် ပေါင် ၁.၄ သန်းပေးဝယ်တဲ့ တရုတ်တွေ


          လူတစ်ယောက်မှာ အကုန်ပြည့်စုံနေပြီ ဆိုရင်ဘာလုပ်မှာလဲ? တရုတ်မှာတော့ ဒီလိုမျိုး သိုးတစ်ကောင်ကို ပေါင် ၁.၄ သန်းပေးပြီးဝယ်ယူနေတာကို Kashgar က Silk Road City မှာ တွေ့မြင်နေရမှာပါ။
          ခုချိန်မှာ အဲ့ဒီလို သိုးမျိုး အကောင် ၁၀၀၀ လောက်ဘဲ ကမ္ဘာပေါ်မှာ ရှိပါတော့တယ်လို့ ဒီသိုးမွေးတဲ့လူတွေက ဆိုပါတယ်။ ဒီသိုးတွေဟာ Dolan Sheep မျိုးရိုးလို့ဆိုပါသတဲ့။ ဒီသိုးတွေဟာ လောလောဆယ်မှာတော့ ကုဋေကြွယ် ပိုက်ဆံဘယ်နားထားရမှန်းမသိတဲ့ တရုတ်ခေတ်သစ်သဋ္ဌေးတွေအတွက် နောက်ဆုံးပေါ် ရှားပါးအဖိုးတန် ပစ္စည်းတစ်ခုဖြစ်လာပါပြီတဲ့။
          “သဋ္ဌေးကြီးတွေတော့သူတို့ရဲ့ ဇိမ်ခံကားကြီးတွေနှင့် ဒီကိုလာပြီးတော့ ဒီလိုသိုးတွေကို သူတို့ကားနောက်ခန်းထဲ ထည့်ထည့်ပြီးယူသွားတာဘဲ” လို့ အသက် ၄၈နှစ်ရှိပြီဖြစ်တဲ့ ရှင်းကျန်း ပြည်နယ်မှာ သိုးမွေးတဲ့ လျှူဖန်းဟွ ဆိုသူက ပြောပါတယ်။ “များသောအားဖြင့်တော့ အာရှအလည်ပိုင်းကနေပြီး တရုတ်မှာ အခြေချနေထိုင်တဲ့ (Urghur) မွတ်စလင်တွေ က သူတို့ သိုးတွေကို သားဖောက်ဖို့လာဝယ်ကြတယ်။ နောက်တစ်မျိုးကတော့ သိုးတွေကို အိမ်မွေးအဖြစ်မွေးဖို့ပါ” လို့ လျှူက ထပ်ပြောပါ သေးတယ်။
          ဒီ ဒေါ်လန် မျိုးရိုးသိုးတွေဟာ နှာယောင်ကောက်ပြီး အမြီး နှစ်ခွပါပါတယ်တဲ့။  နောက်ထူးခြားချက်တစ်ခုက သူတို့ရဲ့နားရွက်တွေဟာ အလွန် ရှည်လျှားတာပါတဲ့။  ဒီသိုးတွေရဲ့ မူလကတော့ Kashgar ပြည်နယ်ကဖြစ်ပါတယ်။  အရင်တုန်းကတော့ ဒီသိုးတွေကို စားဖို့ရာအတွက် မွေးမြူကြတာဖြစ်ပြီး အခုများတော့ အဖိုးတန် အိမ်မွေး တရိစ္ဆာန်အဖြစ်သို့ရောက်ရှိလာပါပြီ။
          “ဈေးနှုန်းကတော့ သိုးတွေရဲ့ မျိုးရိုးစဉ်ဆက်ပေါ်မူတည်ပါတယ်”လို့ လျှူကပြောပါတယ်။  “သိုးမွှေးကမည်းလေ၊ နားရွက်ကကြီးလေ၊ မျက်နှာကောက်လေ တန်ဖိုးကြီးလေပါတဲ့။  အကောင်းဆုံးကတော့ မည်းနက်နေတဲ့ ကိုယ်ထည်နဲ့ အမြီးက အဖြူရောင်ရှိနေရင် ဈေးကြီးပါသတဲ့”
          ဒီလို သိုးတစ်ကောင် ၁.၄ သန်းပေးဝယ်နိုင်တဲ့ တရုတ်တွေက ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်အမွေအနှစ်တွေကို ပေါချောင်ကောင်းနှိုက်လိုတာတော့ မဆန်းလှပါဘူး။ ချမ်းသာနေပြီဆိုမှာတော့ ရသလောက် ယူလိုတာက လူတို့သဘာဝ ပါဘဲ။  ကာကွယ်ဖို့ကတော့ ကျွန်တော်တို့ တာဝန်ပါ။ မနုံဖို့၊ မ “အ” ဖို့၊ မထူဖို့၊ မထိုင်းဖို့၊ မပိန်းဖို့၊ မဖျင်းဖို့ က ကျွန်တော်တို့တာဝန်ပါ။  ဧရာဝတီဟာ သားဖောက်ပြီးတော့ ပြန်မွေးလို့မရသလို သူကို တည်မှီနေတဲ့လူရဲ့၊ သစ်ပင်တွေ၊ ရေနေသတ္တ၀ါတွေကလည်း ရှိလေတာမို့ စဉ်းစဉ်းစားစားလေး လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
Source : (Link)

5 comments:

  1. ဒီရောက်လာရင်တော့ အဆန်းတွေချည်းပဲဗျာ..
ိမ်ရှေ့ မှာ နှစ်ချို့ နေတဲ့ ပက်ကျိတစ်ကောင်ရှိတယ်..
    အကြောင်းကြားရင် ကောင်းမယ်ထင်တယ်..:D

    ReplyDelete
  2. ကျွန်တော့်ရဲ့ ကြွက်သိုက်ကို တကူးတက ကြွလာတဲ့ ကိုရင်ကို့ အထူးတလည် ကျေးဇူးတင်ပါကြောင်း။ ကိုရင်ရေ ပါဆယ်လေးနဲ့ ထုပ်ပြီးတော့သာပို့လိုက် ဒီမှာ လျှောက်ပြီးရောင်းကြည့်လိုက်ဦးမယ်.... ကမ္ဘာပေါ်မှာ တစ်ကောင်ထဲရှိတဲ့ ပက်ကျိဆိုပြီးတော့... တော်ကြာ ဒီက ကောင်တွေက စားကောင်းလှချည်ရဲ့ဆိုရင်တော့ ကိုရင် ပက်ကျိထပ်ရှာပေးရမှာနော်.... :P

    ReplyDelete
  3. ဟုတ်တယ် AH ရေ။ ဗဟုသုတ ဆန်းဆန်းကျယ်ကျယ် ဖတ်ချင်ရင် ဒီဘလော့ကိုရောက်လာလေ့ရှိတယ်။
    ပို့စ်အသစ်တင်တိုင်းလည်း အလည်လာပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. သန့်ခယူ၊ ရှဲ့ရှဲ့၊ ကျေးဇူးတင်ပါတယ်၊ ချိုအိစု နီဒါ၊ အာဂျီနိုမိုတို.... အန်တီတင့်ကို ကျေးဇူးတင်ကြောင်း တတ်သလောက်မှတ်သလောက် ရမ်းတုတ်တာ ဟီး ဟီး

    ReplyDelete
  5. အားထောင်(AH ) ပိုစ့်ကိုလာရတာတော်တော်တန်တယ် စုံစီနဖာပဲ ဘာတဲ့
    သူက ထိုင်စားလို့ရတဲ့နေရာကအမေ့အိမ်ပဲလို့သိလိုက်ရတဲ့အချိန်မှာဆိုတာတောင်လုပ်လိုက်သေးတယ် ..
    အရေးထဲကိုရင်က ပက်ကျိ့ကိုဘော်လာချက်လိုချက်နဲ့
    အောက်ကအာဂျီနိုမိုတို အချိုမှု့န့်ကြော်ငြာကပါသေးတယ် ဟဟဟဟး)

    တင်သာတင်ဟေ့ လာမြဲလာမယ်း)

    ခင်တဲ့
    မဒိုးကန်

    ReplyDelete