စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, October 23, 2011

ကမ္ဘာ့ အံဖွယ်အဆောက်အဦးတွေကို သဲနှင့်ပြန်လည်တည်ဆောက်ပြသ


          ကိုလံဘီယာနိုင်ငံမှာတော့ ကမ္ဘာ့အံဖွယ် အဆောက်အဦးတွေကို သဲ၊ရေ စသည့်ပစ္စည်းများကိုသာ အသုံးပြုပြီး ပြန်လည်တည်ဆောက်ပြသခဲ့ပါတယ်။  ဒီအဆောက်အဦးတွေထဲမှာ အီဖဲမျှော်စင်၊  အီဂျစ်ပြည် ဂီဇာမှာရှိတဲ့ ပစ်ရမစ်ကြီး စည်အားဖြင့် အစုံပါဝင်ပါတယ်။ 
          ဒီလို ကမ္ဘာ့ အံဖွယ် အဆောက်အဦးတွေကို ပြန်လည်တည်ဆောက်တဲ့ အခါမှာ ကော်လုံဝမသုံးဘဲ သဲနှင့် ရေ နှစ်မျိုးကိုသာ အသုံပြုပြီး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။   ဒီလိုအဆောက်အဦးတွေဆောက်လုပ်ဖို့အတွက် ကိုလံဘီယာနိုင်ငံရဲ့ ဖြစ်တစ်ခုဖြစ်တဲ့ ဆန်းမားပက်ဇ်မြစ်ကနေပြီး သဲတန်ချိန်ပေါင်း ၆၀၀၀ ကျော်သယ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။  အဆိုပါ အဆောက်အဦးတွေကို ဖန်တီးတဲ့ ကုမ္ပဏီကတော့ ဖိုတို အာဘန်နိုလို့ခေါ်ခဲ့ ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါသတဲ့။  ဒီ ဆောက်လုပ်ထားတဲ့ သဲအဆောက်အဦးတွေကိုတော့ ၂၀၁၂ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ပြသထားမှာဖြစ်ပါတယ်။ အောက်က YouTube ဗီဒီယို လေးမှာ တည်ဆောက်ထားတဲ့ အဆောက်အဦးတွေကို ရှု့စားနိုင်ကြပါပြီ။


Source : (Link)

4 comments:

  1. ကြာရှည်ခံပါ့မလား
    သဲနဲ့ရေဆိုတော့

    ReplyDelete
  2. ကမ္ဘာ့အံ့ဖွယ်အဆောက်အဦးတွေအကြောင်း ဗဟုသုတမျှဝေပေးတာ ကျေးဇူးပါ မောင်အောင်ထွဋ်ရေ။
    အံ့မခန်း ဗိသုကာလက်ရာတွေပါပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အဲဒါတွေကိုလက်သီးနဲ့ထိုးပီး ဆော့လိုက်ရရင်တော့ကွား)

    ReplyDelete
  4. ဟုတ်ပ ဟုတ်ပ

    ReplyDelete