စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, October 7, 2011

ဝတ်ကြဦးမလား နို့က ထုတ်တဲ့ အင်္ကျီ


          ဂျာမနီနိုင်ငံ ဟန်နိုဗာ မြို့က အသက် ၂၈ နှစ်ရှိ အန်ကီ ဒိုမက်စကီး လို့ခေါ်တဲ့ ဖက်ရှင်ဒီဇိုင်နာလေးဟာ နို့ကနေပြီးတော့ ချည်မျှင်ထုတ်လုပ်တဲ့နည်းက တွေ့ရှိခဲ့ပါပြီ။  ဒီချည်မျှင်ကို QMilch (ကျူမိလ်ရှ်) လို့ နာမည်ပေးထားပါတယ်။  ဒီချည်မျှင်ဟာ နို့မှာအများအပြားပါတင်တဲ့ ပရိုတင်းတစ်မျိုးကနေ ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။  ဒီချည်မြင်ဟာ ဓာတုဗေဒပစ္စည်းများ မပါဝင်ဘဲ သဘာဝကနေ ပထမဆုံးထုတ်လုပ်နိုင်တဲ့ နို့ချည်မျှင်ဖြစ်ပါတယ်။
          “ဒါချည်သားကို ကိုင်ကြည့်ရင် ပိုးသာလေးလိုဘဲ နူးညံပါတယ်၊ နောက်ပြီးတော့ အနံအသက်လည်း မရှိပါဘူး။  ဒါကို ကြိုက်သလိုလျှော်ဖွတ်လို့ရပါတယ်” လို့ ဒိုမက်စကီးက Reuters သတင်းဋ္ဌာနကို ပြောသွားပါတယ်။
          သဘာဝ ပစ္စည်းစစ်စစ်ကနေ ထုတ်လုပ်ထားတာမို့လို့ ဒီ QMilch ချည်မျှင်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတယ်လို့ ဒိုမက်စကီးက ဆိုပါတယ်။  ဒီချည်မျှင်ထဲမှာ အမိုင်နိုအက်ဆစ်ပါဝင်လို့ ဘက်တီးရီယားတွေကနေ ကာကွယ်နိုင်ပါတယ်၊ ဒါ့အပြင် ဒီချည်မျှင်နဲ့ ရက်လုပ်ထားတဲ့ အင်္ကျီတွေကို ၀တ်ဆင်မယ်ဆိုရင် အိုမင်းရင်းရော်ခြင်းမှလည်း ကာကွယ်နိုင်စေပါသတဲ့။  နောက်တစ်ခုကတော့ သွေးလှည့်ပတ်မှု့ကို ပိုမိုကောင်းမွန်စေပြီး ခန္စာကိုယ်ရဲ့ အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါစေတယ်တဲ့။

          ဒိုမက်စကီးရဲ့ ဖက်ရှင်အမှတ်တံဆိပ်က Mademoiselle Chi Chi ဖြစ်ပြီး ဒီတံဆိပ်ဟာ Mischa Barton နဲ့ Ashlee Simpson တို့ရဲ့အကြိုက် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။  ခုအချိန်မှာတော့ ဒီဖက်ရှင်ကုမ္ပဏီဟာ နို့ကနေထုတ်တဲ့ ချည်မျှင်တွေနဲ့ရက်လုပ်ထားတဲ့ အင်္ကျီတွေကို စတင်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။
          ခုလောလောဆယ်မှာတော့ MCC အ၀တ်အစားကုမ္ပဏီက သူတို့ရဲ့ ဒီဇိုင်းပုံဖြစ်တဲ့ အနားသတ် တွေကို ဖြတ်၊ အရောင်တောက်တောက် ဒီဇိုင်းတွေကို QMilch အပါအ၀င် အမျိုးမျိုးသော ချည်မျှင်တွေနဲ့ ရောစပ်ပြီးတော့ ထုတ်လုပ်မှာပါ။  ဒါပေမဲ့ ဒိုမက်စကီးကတော့ ဒီနို့ချည်မျှင်သက်သက်နဲ့ထုတ်လုပ်တဲ့ အ၀တ်အစားတွေကို ဒီဇိုင်းလုပ်ဖို့ အစီအစဉ်ရှိပါတယ်တဲ့။
          နို့ကနေချည်မျှင်ရက်လုပ်တာကို ၁၉၃၀ ၀န်းကျင်ကထည်းက စတင်ထုတ်လုပ်ခဲ့ပေမယ့် ဒါတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ သင့်လျှော်မှု့မရှိတဲ့ ဓာတုဗေဒ နည်းတွေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။  QMilch ကတော့ သဘာဝ ချည်မျှင်သက်သက်နဲ့သာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
          “ကျွန်မတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သဘာဝပစ္စည်းက ရရှိမယ် ချည်မျှင်တွေ ပေါပေါများများ ပါဝင်မယ့် ချည်မျှင်မျိုးကို ရရှိအောင် တီထွင်နိုင်ခဲ့ပါတယ်လို့” အရင်တုန်းက အနုမြူဇီဝဗေဒ  ဘာသာရပ်ကို လေ့လာခဲ့သူလေး ဒိုမက်စကီးက ဆိုပါတယ်။
          ဒီ သဘာဝချည်မျှင်ကို နို့မှုန့် ကနေ ရယူတာဖြစ်ပြီး ဒီနို့မှုန့်ကို အခြားသော သဘာဝထွက်ကုန် ပေါင်းစပ်ပစ္စည်းတွေနှင့် အပူပေးခြင်းအားဖြင့် ထုတ်လုပ်တာပါတဲ့။ ထွက်လာတဲ့ ချည်မျှင်တွေကို ချည်ငင်စက်နဲ့ သိမ်းယူရတယ်လို့ဆိုပါတယ်။
          နို့ ၆ လီတာ လောက်သုံးရင် တစ်ထည်စာလောက် ချည်မျှင်ထုတ်လုပ်နိုင်ပါသတဲ့။  ဒါဟာ ယူဆိုငွေ ၁၅၀ ကနေ ၂၀၀ လောက်တော့ ကုန်ကျမှာဖြစ်ပါတယ်။
          ကံကောင်းတာကတော့ ဒီငွေတွေသုံးပြီး ရလာတဲ့ ချည်မျှင်တွေဟာ မပုတ်မသိုးနိုင်တာပါ။  အပူပေးနေစဉ်အတွင်းမှာ ပရိုတင်းတွေမပြိုကွဲပဲ မော်လီကျူးတွေအဖြစ် ပေါင်းစပ်သွားလို့ပါတဲ့။
          ဘက်တီရီယားတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီချည်မျှင်ကို ဆေးလောကအတွက်ရော၊ အလှကုန်ပစ္စည်းတွေအတွက်ပါ အသုံးပြုဖွယ်ရှိပါတယ်။  ဒါ့အပြင် ကားထုတ်လုပ်သူတွေကလည်း သူတို့ရဲ့ ကားတွေမှာ အသုံးပြုဖို့ စိတ်ဝင်စားနေကြပါတယ်လို့ ဆိုပါတယ်။
Source : (Link)

6 comments:

  1. လာရောက်အားပေးသွားပါ၏
    လွင်ပြင်၏ ဘလော့လေးသို့လဲ လာရောက် အားပေး စေဖန် သင်ကြားပေးပါအုံး

    ReplyDelete
  2. အားပေးသွားတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ.... ကျွန်တော် ဆက်ဆက်လာခဲ့ပါမယ် ခင်ဗျ :)

    ReplyDelete
  3. ဈေးလည်းကြိးမယ်ထင်တယ် :) နို့ကနေ ထုတ်တာဆိုတော့ ...

    ReplyDelete
  4. သကြားနဲ့ပြန်ကြိုသောက်လို့ရနိုင်မလားလို့မေးပေးပါနော်း)

    ReplyDelete
  5. မအိန်ဂျယ်ရေ...........ကျွန်တော်တို့နဲ့တော့ မအပ်စပ်လှဘူးလို့ ထင်ပါတယ်.... ဈေးကြီးလို့ ဟီး ဟီး

    မဒိုးကန်ရေ.... ဟုတ်သား ဒီလိုဆိုရင် အတော်ဘဲ အနွေးထည်လိုလည်းဝတ်လို့ရတယ် ခါးတွင်းပျက်နေရင်လည်း ပြန်ကျိုသောက် အဆင်ကို ပြေလို့ :)

    ReplyDelete
  6. ထူးထူးဆန်းဆန်းနို့ကထုတ်တဲ့ အကျီင်္တဲ့

    ReplyDelete