စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, October 28, 2011

ကျွန်တော်နှင့် ဂါဒို ဂါဒို ညစာ

သူများတွေ ချက်တဲ့ဟင်းတွေကြည့်ပြီး အားကျလာလို့ လံကျုပ် ဟင်းကို ဓာတ်ပုံရိုက်ပြီး တင်လိုက်တာပါ။  လံကျုပ်ဆိုတာက ကျွန်တော်ချက်တာ တစ်ခုမှမပါလို့ ခင်ဗျ။  အင်ဒိုနီးရှား က Chief Engineer ကျွန်တော့် နောက်ဆုံး သင်္ဘောအတွက် ရောက်လာတော့ အိမ်မှာကျန်နေတဲ့ ဂါဒို ဂါဒို အထုပ်ကလေးတွေလည်း ရှိသေးတာနဲ့ ကျွန်တော်ရယ်၊  Operation Superintendent ရယ်၊ C/E ရယ်သုံးယောက်သား ဒီကနေ့ည ဂါဒို ဂါဒို လုပ်စားကြမယ်ဆိုပြီးတော့ လုပ်စားဖြစ်ကြတာ။  ကျွန်တော်က ဈေးဝယ်ထွက်တယ်၊ ဈေးဝယ်တယ်ဆိုတာကလည်း အာလူး တစ်လုံးရယ်၊ ခရမ်းချဉ်သီး အသေးလေး သုံးလေးလုံး၊ ၀ိုင် တစ်လုံး၊ သခွားသီးတစ်လုံး၊  ဒါဘဲ။  ကျန်တာတွေက အိမ်မှာရှိသေးတာနဲ့။  သူတို့တွေကတော့ ထမင်းချက်၊ ဟင်းသီးဟင်းရွက်ပြုတ် နဲ့ အိမ်မှာ ကျန်နေခဲ့ကြတယ်။

ဟော့ဒါကတော့ အင်ဒိုနီးရှာအခေါ် ဂါဒို ဂါဒိုလို့ခေါ်တဲ့ အနှစ်ပါ။  အဲ့ဒီအထဲမှာ မြေပဲ ပါတာတော့ သေချာတယ် ကျန်တာ ဘာပါလဲတော့ ကျွန်တော်လဲမသိဘူး။  အဲ့ဒီ အနှစ်ကို ရေနွေးနဲ့ ဖျော ခလောက်လိုက်ရင် ဟင်းအနှစ်ရပါပြီ။  စလုံးက အင်ဒို၊ မလေးဆိုင်တွေမှာလဲ ဂါဒို ဂါဒို ဆမ်ဘယ်(ငရုပ်သီး) အနှစ်ဆိုပြီး မေးဝယ်ရင် ရပါတယ်ခင်ဗျ။


ကျန်တာတွေကတော့ အသီးအရွက်တွေပြုတ်ရုံပါ။  ကန်စွန်းရွက်(ဒီနေ့ မရလို့ ရတဲ့ အရွက်ထည့်ပြုတ်လိုက်)၊ ဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီး၊ ပဲပင်ပေါက်(ဒီနေ့ မပါ)။ သခွားသီး ကတော့ အစိမ်း ထည့်ပါတယ်။  ကြက်ဥပြုတ် ထည့်စားလည်း ကောင်းပါတယ်။


ဟောဒါက ကြက်ဟင်းခါးသီး ကြိုက်ရင်ထည့်စားပေါ့၊ ခါးတော့ခါးတာပေါ့လေ :)


ဒါက ပဲပြား ကြော်

ဒါကတော့ အင်ဒို အခေါ် တမ်ပေးလို့ခေါ်တယ် ပဲပိစပ်ကို အပြားလုပ် လှီးပြီးတော့ ပြန်ကြော်ထားတာ၊ စားလို့ကောင်းတယ် :) 


ဘာမှ မဟုတ်ဘူး ဒီတိုင်းစားဖို့ ကြက်ဥကြော်တာ 

ကဲ အဆင်သင့်ဖြစ်ရင်တော့ အသီးအရွက်ပြုတ်ပေန်တွေ ကို ပန်းကန်ထဲထည့်

ပြီးတော့ အပေါ်ကနေ ဂါဒို ဂါဒို အရည်လောင်းလိုက်ရင် ဂါဒို ဂါဒို တစ်ပွဲရပါပြီ။ 

ချက်ရလွယ်သလို၊ အရသာလည်းရှိ၊ ထမင်းလည်းမြိန်စေပါတယ်။ ဟောဒါကတော့ တရုတ်ဝိုင်ပါ၊  သိပ်သောက်လို့မကောင်းလှ။


ဟောဒါကတော့ ဘာမှန်းမသိသော တရုတ်မှ အသုတ်စုံ (အထဲမှာတော့ မြေပဲပြုတ်တွေ၊ ပဲကြီးပြုတ်၊ မှို စသည်တို့ပါ၏) အဲဒါတွေကို နံနံပင်နဲ့ ချဉ်ငံစပ်သုပ်။  စူပါမားကတ်ကနေ ပါဆယ်ဆွဲလာတာ။


ဟောဒါတွေ အစုံအလင် ခင်းကျင်းပြီးသကာလ စားတော်ခန်းဖွင့်လိုက်တာ အဆီရစ်ပြီး အိပ်ပျော်သွားလို့ ခုမှ တစ်ရေးနိုးပြီး ပိုစ့်တင်လိုက်ပါသည်ခင်ဗျား။






5 comments:

  1. တစ်ရေးနိုးတဲ့မိဂျက်လဲလာရောက်သုံးဆောင်သွားပါကြောင်း
    ကောင်းသလိုလို-မကောင်းသလိုလိုပါပဲ
    နဲနဲလေးစားရတော့အရသာသေချာမသိလို့ပါရှင်
    ချိပ်မချိုးပါနဲ့နော်....ဟိဟိ

    ReplyDelete
  2. အချိုပွဲအသီးလေးဘာလေးလုပ်ထားတာမဟုတ်ဘူး
    စားရတာ စပ်သလိုလို ဘာလိုလို
    ချော့ကလက်လေးဂျယ်လီလေးလဲ
    ဝယ်ထားတာမဟုတ်ဘူး..

    ReplyDelete
  3. အဲသလောက်ချက်တတ်ရင်လည်း မဆိုးပါဘူး အိမ်ရှင်မတော့ ဝမ်းသာနေမှာပေါ့...
    အိမ်ပြန်ရောက်ရင် ချက်ကျွေးလို့ရတာပေါ့လေ :P

    ReplyDelete
  4. ကြိုက်တယ်.. အဲ့လိုပိုစ့်လေးတွေများများတင်နော်... ကန်ဒီက လူတယောက်ရဲ့ Personality or Memories ကိုဖော်ပြတဲ့ ပိုစ့်လေးတွေ အရမ်းကြိုက်တယ်..
    ဆိုင်၏ မဆိုင်၏ မသိ.. လေပေါသွားသည်.. :P

    ReplyDelete
  5. ချက်တတ်ပြုတ်တတ်ပါလားဟရို့း)
    အားကျသကွာာ

    မောင်ဘကြိုင်

    ReplyDelete