စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, September 19, 2011

ဟာသတိုကလေးများ - ၃


တစ်နေ့စာအလွဲများ
          ဘား တစ်ခုတွင်ဖြစ်သည်။  လူငယ်လေးတစ်ယောက်သည် သူ၏ အရက်ခွက်ကို တွေတွေကြီးစိုက်ကြည့်နေသည်။  ထိုသို့ကြည့်နေသည်မှာ နာရီဝက်လောက်ကြာသွားပြီဖြစ်သည်။ အဲ့ဒီအချိန်မှာ ကားဒရိုင်ဘာတစ်ယောက် လူငယ်လေးဘေးနားဝင်ထိုင်ပြီးတော့ အဆိုပါလူငယ်လေးရဲ့ ခွက်ကို မော့ပစ်လိုက်ပါတယ်။  လူငယ်လေးက ဒရိုင်ဘာကိုကြည့်ပြီးတော့ ရှိုက်ကြီးတငင်ငိုပါလေရော။ 
ဒရိုင်ဘာ။        ။ “မငိုပါနဲ့ သူငယ်ရယ် ငါကမင်းကိုစတာပါ ရော့အဲ့ဒီမှာ အသစ်တစ်ခွက်၊ ယောင်္ကျားကြီး တန်မယ့် ငိုစရာလားကွ”

လူငယ်။          ။ “အဲ့ဒါကြောင့် ငိုတာမဟုတ်ဘူးဗျ၊  ဒီနေ့က ကျုပ်ဘ၀အတွက် အဆိုးဆုံးနေ့ဘဲ။  သိရဲလားဗျ၊ ဒီမနက် အိပ်ယာထနောက်ကျလို့ ရုံးသွားတာနောက်ကျ။ တစ်ခါလေးနောက်ကျတာကို သဋ္ဌေးနဲ့တိုးပြီးတော့ ကျုပ်ကို အလုပ်က ဖြုတ်ပစ်လိုက်ပါလေရော။ စိတ်ညစ်ညစ်နဲ့ရုံးကထွက်လာတော့ ကျွန်တော့်ကားက မရှိတော့ဘူး။ အခိုးခံလိုက်ရတယ်၊ ရဲကိုတိုင်တော့လဲ ဘာမှလုပ်မပေးနိုင်ဘူး ပြောလွှတ်လိုက်တယ်။ ဒါနဲ့ဘဲ တက္ကစီစီးပြီး အိမ်ပြန်လာရော။  အိမ်ရောက်မှ ကြည့်လိုက်တော့ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကဒ်တွေ တက္ကစီထဲမှာ မေ့ကျန်ခဲ့တယ်။  တက္ကစီကို ပြန်ကြည့်လိုက်တော့ ကားဆရာက မောင်းပြေးသွားပြီ”
ဒရိုင်ဘာ။        ။ “သြော်.. ဖြစ်မှ ဖြစ်ရလေကွယ်….”
လူငယ်။          ။ “ဒါတင်ပြီးပြီလားဆိုတော့ မပြီးသေးဘူးဗျ။  အိမ်ပြန်ရောက်တော့ မိန်းမက အိပ်ရာပေါ်မှာ ဒလ၀မ်နဲ့ နှပ်နေတယ်။ ကျွန်တော်လဲ စိတ်ဓာတ်အကျကြီးကျပြီးတော့ ဘားကိုလာ ကိုယ့်ကိုယ်ကို သတ်သေမလို့ အရက်ခွက်ထဲကို အဆိပ်ထည့်ပြီးကြည့်နေတုန်း အခု အရက်ခွက်ကို ခင်ဗျားက ယူသောက်ပစ်လိုက်တယ်…”

ရှေ့နေအသစ်
                ဂျွန်ဟာ နယ်မြို့ကလေးတစ်မြို့ကနေ ထူးထူးချွန်ချွန်နဲ့ကို စာမေးပွဲအောင်ပြီးတော့ တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရလာတဲ့ ရှေ့နေ အသစ်ချပ်ချွတ်ကလေးပါ။  ရှေ့နေတွေများတဲ့မြို့ကြီးမှာ နေရင် တိုးလို့သိပ်မပေါက်မှာလဲစိုး၊  သူတို့မြို့ကလေးလို နယ်ကျတဲ့နေရာမှာ သူလိုရှေ့နေဘွဲရလာတဲ့ လူတစ်ယောက်ဆိုရင် လူရိုသေ၊ရှင်ရိုသေလည်းဖြစ်ဆိုပြီး ဇာတိမြေကလေးကိုပြန်လာပြီး ရှေ့နေခန်းလေးဖွင့်လေသတဲ့။  ဖွင့်စဆိုတော့ ဖောက်သည်ကလည်းနည်းသကိုး။  အဲ… တစ်နေ့တော့ သူရုံးခန်းလေးဆီကို လူကြီးတစ်ယောက်လာလေသတဲ့။  ဂျွန်လဲ လူရှိန်အောင်ဆိုပြီးတော့ လူကြီးဝင်လာတဲ့အချိန်မှာ လက်ကာပြပြီး ဟန်ပါပါနဲ့ ဖုန်းခွက်ကို ကောက်ကိုင်လိုက်သတဲ့
“ဘာ… ဒီနယူယောက်က အမှု့သည်က အဲ့ဒီလိုပြောသလား။  ဟေ့ဒီမှာ ငါ အမှု့လိုက်ခ ၁ သန်းမှ မရရင် ဒီအမှု့ကို မကိုင်ဘူးလို့ပြောလိုက်”
“အင်း ဟုတ်တယ်လေ…  အယူခံဝင်ဖို့ တရားရုံးက ရှေ့တစ်ပတ်မှာ သဘောတူပြီးပြီ၊  မပူနဲ့ ဒီအမှု့အသွားအလာကို ငါကောင်းကောင်းသိတယ်၊ မင်းပြောလိုက် ငါ နဲ့ ငါ့အဖွဲ့တွေက ဒီအမှု့အတွက် ပြင်ဆင်ထားပြီးပြီလို့”
“အိုကေ အိုကေ… နောက်တစ်ပတ်ငါ အမှု့သည်နဲ့ နောက်တစ်ပတ်တွေ့မယ်လို့ပြောလိုက်”

စသည် စသည်ဖြင့် ပြောနေလိုက်တာ ၅ မိနစ်လောက်ကြာသွားပါတယ်။  ပြီးတော့မှ ဟန်ပါပါနဲ့ ဖုန်းက ချလိုက်ပြီး “ဆောရီးဘဲဗျာ၊  ခင်ဗျားစောင့်နေရတာ တော်တော်ကြာသွားပြီနဲ့တူတယ်၊ သိတဲ့အတိုင်း  ကျွန်တော်ကလည်း အလုပ်က ခပ်များများရယ်၊ ဒါနဲ့ ကျွန်တော်ဘာများ အကူအညီပေးရမလဲခင်ဗျာ” လို့ ဧည့်သည်လူကြီးကို မေးလိုက်သတဲ့။ 
ဧည့်သည်လူကြီးက ဘာပြန်ပြောလည်းဆိုတော့ “ကျွန်တော်က ဆက်သွယ်ရေး ဋ္ဌာနကပါ။  ဒီရုံးခန်းအသစ်မှာ ဖုန်းကြိုးသွယ်ပေးမလို့ လာတာပါ” တဲ့။

Apple Mac ကို ၀ယ်သင့်မ၀ယ်သင့် 
          ကျွန်တော် နဲ့ Mac ၀ယ်ချင်တဲ့လူတစ်ယောက်နဲ့ စကားပြောဖြစ်တယ်ဗျ။ ကျွန်တော်က ပြောတယ် Mac ကိုမ၀ယ်ဖို့။ ဒါနဲ့ဘဲ စကားစများပါလေရော။  ကျွန်တော်ကပြောတယ် Mac ကို သုံးတဲ့လူ သိပ်မရှိဘူး နောက်ပြီး တစ်ချို့ ပရိုဂရမ်တွေကိုလည်း  သွင်းလို့မရဘူး။
          ဒီငနဲကို ကျုပ်ကိုပြန်ပြောတယ် “ဟေ့လူ ခင်ဗျား Mac မှာ ဗိုင်းရပ်စ်ကိုက်တာ ကြားဖူးလား”
“အဲ့ဒါပြောတာပေါ့ ဗိုင်ရပ်စ်ရေးတဲ့လူတွေတောင် Mac ကို စိတ်မ၀င်စားပါဘူးဆို”

နိဗာန်ဘုံ နှင့် ငရဲဘုံ 
နိဗာန်ဘုံက ကွန်ပျူတာဆိုတာက
Intel (အင်တဲလ်)က စီမံခန့်ခွဲပါတယ်
Apple (အက်ပဲလ်)က ဒီဇိုင်းနဲ့ စက်တွေထုတ်ပြီး
Microsoft က ဈေးကွက်ကို အကောင်အထည်ဖော်ပါသတဲ့
IBM က လိုအပ်တာမှန်သမျှကို support လုပ်ပေးပြီး
Gateway က ဈေးနှုန်းကို သတ်မှတ်ပါသတဲ့

ငရဲဘုံက ကွန်ပျူတာမှာတော့
Intel (အင်တဲလ်) ကစီမံခန့်ခွဲပြီး
Microsoft က ဒီဇိုင်းနဲ့ စက်တွေကို ထုတ်ပါသတဲ့
IBM က ဈေးကွက်ကို အကောင်အထည်ဖော်ပြီး
Gateway က လိုအပ်တာမှန်သမျှကို support လုပ်ပါသတဲ့
ဒါပေမယ် ဈေးနှုန်းသတ်မှတ်တာကတော့ Intel ပါတဲ့။


ကြောင်ကလေးသေသွားတာပါ 
ဒါက ငြိမ်းချမ်းနဲ့ ဗေလုဝရဲ့ ကြောင်ကလေး သေသွားတာပါ နဲ့စတဲ့ ဟာသလေးပါ။  ကျွန်တော်ကြိုက်လို့ ပြန်ရှဲလိုက်တာ။

1 comment:

  1. တစ်နေ့ စာ အလွဲက အလွဲကောင်းလေးဖြစ်သွားတာပေါ့နော်...။ ရှေ့နေအသစ်ရဲ့မျက်နှာ ဘယ်လို များဖြစ်သွားပါလိမ့်နော်..။

    ReplyDelete